"သို့..... အတိတ်က ..... " အပိုင်း (၇)

302 23 0
                                    

မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ပြီးသဘောတကျပြုံးမိသား ဒီလိုရက်မျိုးတော့ မြန်မာဆန်ဆန်ဝတ်မှဖြစ်တော့မပေါ့။ ကျောင်းဝတ်စုံကလွဲရင် ပုံမှန်အချိန်ဆို boyish style နဲ့သာနေတတ်သူမို့ မွေးနေ့မှာဝတ်ဖို့အတွက်ဆိုပြီး တစ်နှစ်ကိုတစ်စုံ အစ်မကိုယ်တိုင်ဆင်ပေးခဲ့တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိခဲ့ပြီပေါ့။ အစ်မအကြောင်းတွေးမိရင်ကို အလိုလိုပြုံးနေမိတဲ့ကျွန်မ။ အချင်းချင်းသံယောဇဉ်ကြီးကြတာကို မိဘများက သိကြပါရဲ့ သူတို့တွေးသလိုမဟုတ်ဘဲ ကိုယ့်ဘက်ကအရောင်ခြယ်မိနေတာ ကိုယ်သာသိရဲ့။ အစ်မဘက်ကရောလို့တွေးမိတော့ ရင်ထဲနွမ်းလို့ခွေရပြန်တယ်။ အစ်မကတစ်ခါတစ်ခါနားလည်ရခက်တယ်။ နီးတော့မလိုလိုနဲ့ တစ်ခါတစ်ခါကျ အဝေးကြီးရောက်နေတတ်တာမျိုး။ လိုက်လျောသလိုလိုနဲ့တစ်ခါတစ်လေတွန်းထုတ်နေသလိုမျိုး။ အထူးသဖြင့် ထက်မြတ်နောင် ဆိုတဲ့လူနဲ့ယှဉ်မိရင် ကျွန်မမှာ အလိုလိုသိမ်ငယ်မိနေတုန်း။ ယှဉ်စရာလည်း မရှိခဲ့ဘူးမလား။ အစစအရာရာ ကိုယ်ထက်သာလွန်ပြည့်စုံလွန်းတဲ့သူလေ။ မရပ်နိုင်တဲ့အတွေးတွေးကို ခေါင်းတစ်ချက်ရမ်းလို့ခါထုတ်လိုက်တယ်။ ဒီနေ့တော့ မတွေးတော့ဘူး။ ဟုတ်တယ် မတွေးတော့ဘူး။

အပေါ်ကဆင်းလာတဲ့ကျွန်မကို အဖေကပြုံးလို့ကြည့်ရင်း....

"ဖေကြီးသမီးကဒီနေ့အရမ်းလှနေပါလားဟေ့... "

"အာ အဖေကလည်း တေးတေးကအမြဲလှပါတယ်နော်"

"ဟုတ်ပဗျာ ဟုတ်ပ တို့သမီးက အမြဲလှပြီးသား" လို့ပြုံးပြုံး ပြုံးပြုံး နဲ့ပြန်ပြောနေလေရဲ့......

ကျွန်မမွေးနေ့မို့ ဆွမ်းထွက်လောင်းပေးပြီး ပြန်ဝင်လာတဲ့ အမေ့ကိုလက်ဆွဲလို့ အဖေ့ဘေးနားထိုင်စေပြီး .......

"တေးတေးကို အဖေနဲ့အမေတို့ရဲ့သမီးအဖြစ် မွေးဖွားပေးခဲ့ပြီး မေတ္တာအပြည့် ချစ်ခြင်းအပြည့်နဲ့ စောင့်ရှောက်ပေးတဲ့ အမေနဲ့အဖေရဲ့ ကျေးဇူးကို ဦးထိပ်ထားပြီး ကန်တော့ပါတယ်။ တေးတေးဘက်က မရည်ရွယ်ဘဲကျူးလွန်မိခဲ့တဲ့အပြစ်တွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါနော်  အဖေနဲ့အမေ" ဆိုပြီး ဦးသုံးကြိမ်ချလို့ ကန်တော့လိုက်တော့ အဖေနဲ့အမေက ဆုတွေတသီကြီးပေးလေရဲ့.......

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now