"သို့..... အတိတ်က....." အပိုင်း(၃၅)

275 26 8
                                    


အပျော်ခရီးထွက်သွားတယ်ဆိုပြီး ခွင့်ယူထားတဲ့ အစ်မတိမ်လွှာဖြူက ဆေးရုံမှာလည်းအလုပ်မဆင်း၊ ကိုနောင်နဲ့လည်းအတူမပါလာဘဲ ကိုနောင်တစ်ယောက်တည်း လင်းမြတ်နောင်ဆီ နှစ်ခေါက်လောက်ရောက်လာခဲ့တာတောင်မှ နည်းနည်းမှ သံသယမဝင်မိဘဲ အစ်မတိမ်လွှာက သူ့သူငယ်ချင်းရှိတဲ့မြို့ကိုခဏဆက်သွားတယ် ဆိုတာကို ဘာလို့ယုံခဲ့မိပါလိမ့်။ သေချာတွေးကြည့်မှ ကိုနောင့်မျက်လုံးတွေဂနာမငြိမ်တာတွေ၊ ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတာတွေကို မြင်ယောင်လာမိတယ်။  လူပုံကညင်းသိုးသိုးနဲ့ အစ်မတိမ်လွှာရဲ့ဆေးရုံကို အလုပ်အတွက်ခွင့်တိုင်တာကလည်း အစ်မတိမ်လွှာမဟုတ်ဘဲ ကိုနောင်ဖြစ်နေခဲ့တာတောင် နည်းနည်းမှ သံသယမဝင်မိခဲ့တာက ကိုယ့်အစ်ကိုဖြစ်နေခဲ့လို့။ ညီမဖြစ်တဲ့လင်းမြတ်နောင်ကိုတောင် ဒီလောက်ချစ်ရင် သူမြတ်နိုးတဲ့ အစ်မတိမ်လွှာကိုတော့ ထိခိုက်နစ်နာအောင် မလုပ်ဘူးလို့ ယုံနေခဲ့မိလို့။ အရယူဖို့ပြောနေတဲ့ဦးလေးကိုတောင် အကြောက်အကန်ငြင်းနေတာကြားခဲ့ရဖူးတာမို့ အဲ့လောက်မယုတ်ညံ့ဘူးလို့ ယုံကြည်ခဲ့မိလို့။ အစ်မတိမ်လွှာကိုယ်တိုင်ပြောပြခဲ့တာသာ မဟုတ်ရင် လင်းမြတ်နောင် ဒီအဖြစ်အပျက်ကြီးရဲ့ အခုအစိတ်အပိုင်းလေးကိုတောင် ယုံမိလိမ့်မယ်မထင်။ အစ်မတိမ်လွှာကိုယ်တိုင်က အခက်အခဲတွေ စိတ်ဒုက္ခတွေကြုံနေခဲ့ရဝာာတောင် လင်းမြတ်နောင်အတွက် စဉ်းစားပြီး ကိုနောင့်ရဲ့အပြစ်တွေကို အကုန်မပြောခဲ့။ ဒီလောက်စိတ်ထားဖြူတဲ့အစ်မတိမ်လွှာဖြူကလေ ဘာလို့များ မချစ်မနှစ်သက်တဲ့သူနဲ့အတူနေနေရပြီး ချစ်ခင်နှစ်သက်သူနဲ့ကွေးကွင်းနေရတဲ့ဒုက္ခကို ခံစားနေရပါလိမ့်လို့တွေမိလာပြန်တဲ့အခါ ရင်ထဲနင့်ခနဲ။

လောရှည်ကောင်ကိုသွားခေါ်ဖို့စီစဉ်နေတုန်း super market  မှာ အစ်မတိမ်လွှာရဲ့မောင် အထွန်းလေးနဲ့ဆုံတော့ လင်းမြတ်နောင်ကိုမြင်တော့ အံကြိတ်ပြီး လှည့်ထွက်သွားတဲ့အထွန်းလေးနောက် အတင်းလိုက်ပြီး မေးမိမှသိခဲ့ရတဲ့အဖြစ်တွေ။ မသိစိတ်ရဲ့ စေ့စော်မှုကြောင့် အထွန်းလေးနောက်လိုက်မေးမိတာမှ မလုပ်မိခဲ့ရင်...

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now