"သို့..... အတိတ်က....."အပိုင်း(၂၁)

269 23 0
                                    


"လင်းမြတ်နောင်.. ငါ.... " ဆိုပြီး ဘာဆက်ပြောရမယ်မှန်း တေးတေး တကယ့်ကို မသိတော့တာပါ။ မရည်ရွယ်ခဲ့ပေမဲ့ ဖြစ်ပြီးသွားခဲ့တဲ့ကိစ္စတွေ။ လွန်ကျူးမိသွားခဲ့တဲ့ကိစ္စတွေ အတွက် ဒီတစ်ခါတော့ လင်းမြတ်နောင်ရဲ့ မျက်နှာ ကို မကြည့်ရဲတော့တဲ့အထိ အားနာရပါတယ်။ အားနာသင့်တဲ့ကိစ္စပဲမလား။

"နင်ကအဲ့လောက်အားနာနေတော့ ငါက ပိုပြီးနေရခက်တယ် လောရှည်ကောင်၊ ဘယ့်သူ့အမှားမှ မဟုတ်ဘူး....နင်လည်းဆေးမိထားလို့ ငါကိုယ်တိုင်လည်း စိတ်ပါခဲ့လို့ဖြစ်ခဲ့ရတာမို့"

"ဒါပေမဲ့...."

"မိန်းကလေးချင်းပဲ ဘယ်သူ့ ဘယ်သူမှ နစ်နာစရာရှိမလာပါဘူး၊ အရမ်းအားနာမနေနဲ့၊ နင် တခြားသူနဲ့ ဘာမှမဖြစ်ခဲ့တာတစ်ခုနဲ့တင် ငါ့အတွက်ကအဆင်ပြေပြီမို့" ဆိုပြီး လှည့်ထွက်သွားတဲ့ လင်းမြတ်နောင်ရဲ့ နောက်ကျောကို တေးတေးမှာ အကြောင်သားငေးကြည့်နေမိခဲ့တယ်။

တေးတေး သတိထားနေတဲ့ကြားက ဖြစ်သွားခဲ့တဲ့ကိစ္စတွေ။ တေးတေး  club  သွားတိုင်း လင်းမြတ်နောင်က မသိမသာတစ်မျိုး ၊ သိသိသာသာတစ်မျိုး နောက်ကလိုက်နေပေးခဲ့တာ။ တေးတေးမူးနေတိုင်း သူကဝင်ထိန်းပေးလို့ တိုက်ခန်းကိုပြန်ခေါ်ပေးခဲ့တာချည်းပဲ။ ခုလည်း တေးတေးမှာ သောက်ရင်း ကနေရင်းက မျက်မှန်းတန်းမိနေတဲ့၊ အမှန်က နှစ်ခါသုံးခါလောက် နမ်းခဲ့ဖူးတဲ့ သက်လက်ပိုင်းအရွယ် အမျိုးသမီးက အဆင့်တက်ချင်နေတာသတိထားမိလို့ ရှောင်နေရင်းက ဆေးမိသွားခဲ့တာ။ ဆေးမိသွားတာကို တေးတေး သတိထားမိခဲ့ပါရဲ့။ အရက်ကမပြင်းနေဘဲနဲ့ တစ်ကိုယ်လုံး ပူလာပြီး ခန္ဓာကိုယ်က တစ်ခုခုကို လိုချင်တောင့်တလာတာမျိုး။ တေးတေးက မူးပါတယ်။ ဒါပေမဲ့ အသိမလွတ်ဘူး။ စိတ်ဆန္ဒပြင်းပြမနေခဲ့ဖူးဘူး။ လိုချင်တပ်မက်မှုဆိုတာ မ နဲ့မှ ဖြစ်တည်လာတာမျိုး။ မ တစ်ယောက်တည်းအတွက်သာ တေးတေးရဲ့ စိတ်ဆန္ဒက လိုချင်တပ်မက်မိနေတတ်တာမျိုး။ ခုဖြစ်နေခဲ့တာက ဘယ်သူနဲ့ဖြစ်ရဖြစ်ရ ခန္ဓာကိုယ်ရဲ့ ဟိုးအတွင်းက တောက်လောင်နေတဲ့ ဆန္ဒမီးတောက်ငယ်ကို ငြိမ်းသတ်ပစ်ချင်နေတာမျိုးသက်သက်တစ်ခုတည်း။ အရှက်မဲ့လောက်တဲ့အထိ ခန္ဓာကိုယ်က တောင့်တလာတာကို သတိထားမိလို့ သတိရှိနေတုန်းရုန်းထွက်နေခဲ့တာ။ ရုန်းနေတဲ့ လူကိုယ်တိုင်ကအားကသိပ်မပါချင်။ အဲ့အချိန် လင်းမြတ်နောင် လာခေါ်တာသိလိုက်တယ်။ သတိဝင်တစ်ချက် သတိလွတ်တစ်ချက်နဲ့ ကားပေါ်ဆွဲတင်လို့ပါလာတာလည်းသိတယ်။ ကားပေါ်မှာ လင်းမြတ်နောင်ရဲ့ လည်ပင်းကိုတတိတိကိုက်ခဲနေခဲ့တာလည်းသိတယ်။ ဟိုတယ်အခန်းငှားတာ၊ အခန်းထဲကို ရုပ်ပျက်ဆင်းပျက်တွဲခေါ်ခံခဲ့ရတာတွေရဲ့နောက် တေးတေးရဲ့ အသိစိတ်မဲ့စွာ ပြုမူမှုတွေ လင်းမြတ်နောင်ရဲ့ အော်ငြီးသံတွေသာ အခန်းထဲ လွှမ်းခြုံနေခဲ့တော့တာ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now