"သို့.....အတိတ်က..... " အပိုင်း (၁၅)

281 21 1
                                    

 

"အန်တီ....." မဝံ့မရဲခေါ်သံလေးနဲ့ မီးဖိုချောင်တံခါးလေးကနေ ခေါင်းလေးပြူလို့ ကြည့်နေတဲ့ တေးတေးကိုမြင်တော့ အန်တီက မျက်စောင်းတစ်ချက်ထိုးရင်းက........

"စောင့်ကြည့်မယ် ပြောကာမှ တေးတေးတို့ဆိုသည်မှာလည်း ပြဿနာလေးရှာလိုက်ရမှ" လို့ပြောရင်း အနားလျှောက်လာတဲ့အန်တီ။

"ဘာဖြစ်ကြပြန်တာလဲ ခုက" ဆိုပြီး တေးတေးကိုမော့ကြည့်မေးလာတော့ ဖြစ်ကြောင်းကုန်စင်ပြောပြရတော့တယ်။ အန်တီကသက်ပြင်းတစ်ချက်ချပြီး မ အခန်းထဲလိုက်သွားပြီ သေချာပြောပြဖို့နဲ့ တေးတေးကိုလည်း သေချာပြန်စဉ်းစားဖို့နားချတယ်။ ခေါင်းငြိမ့်ပြရင်းနဲ့ပဲ မ အခန်းဆီလျှောက်လာခဲ့ရတယ်။

ချစ်သူသက်တမ်းနှစ်နှစ်ပြည့် တဲ့နေ့ တေးတေးရဲ့ အသက် ၂၀ ပြည့်မွေးနေ့မှာပဲ မနဲ့တေးတေးချစ်သူတွေဖြစ်နေကြောင်းကို နှစ်ဖက်မိဘတွေကို ဖွင့်ပြောဖြစ်ခဲ့တယ်။ စိတ်လှုပ်ရှားမိလွန်းလို့ ဒူးတွေလည်းတုန် ခြေဖျားလက်ဖျားတွေလည်း အေးစက်နေခဲ့တာ။ ဆုပ်ကိုင်ပေးထားတဲ့ မရဲ့ လက်ကလည်း ချွေးစေးတွေပြန်လို့ လက်မခံရင်၊ မနဲ့တေးတေးရဲ့ မေတ္တာကို လက်မခံကြရင် တေးတေး တကယ်ရူးမှာ။ ဘာမှမပြောဘဲ စိုက်ကြည့်နေပြီး ထသွားတဲ့ အန်ကယ်လ်ကို မျက်နှာငယ်လေးနဲ့သာလိုက်ကြည့်ရဲတယ်။ အန်တီကတော့သက်ပြင်းတစ်ချက်ချပြီး...

"အချိန်နည်းနည်း ပေးဦးကွယ်၊ ရုတ်တရတ်ကြီးဆိုတော့ အန်တီတို့လည်း စဉ်းစားဖို့လိုသေးတယ်" ဆိုပြီးပြောလာတော့ မ ရဲ့မျက်နှာကိုသာမျက်ရည်ဝဲလို့ကြည့်မိတော့တယ်။ ဝေးလို့တော့မဖြစ်ဘူးမရယ်။ တေးတေးရူးရလိမ့်မယ်။ အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်သလိုပြုံးပြခဲ့တဲ့ မရဲ့အပြုံးတွေကြောင့်သာ အားယူနိုင်ခဲ့တာ။ ခပ်တည်တည် ခပ်တင်းတင်းဖြစ်သွားခဲ့တဲ့ မရဲ့ဖေဖေနဲ့မေမေရဲ့ သဘောထားပြောင်းဖို့အတွက် နှစ်ဝက်ကျိုးလောက်ထိ လက်ခံနိုင်အောင် အသည်းအသန်ကြိုးစားပြပြီးတဲ့နောက် လက်ခံတယ်မဟုတ်ပေမဲ့ စောင့်ကြည့်ဦးမယ် ပြောလာလို့ တစ်ဝက်စိတ်အေးရသေးတယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now