"သို့..... အတိတ်က....." အပိုင်း(၂၉)

259 26 0
                                    

ဘာပဲလုပ်လုပ်အဆင်မပြေနေတဲ့ ရက်သတ္တပတ်တွေပါပဲ။ တေးတေးရဲ့ တည်တင်းလွန်းနေတဲ့ မျက်နှာအခြေအနေကြောင့် လင်းမြတ်နောင်တောင်မှ တေးတေးရဲ့ မျက်နှာရိပ်မျက်ကဲကြည့်ပြီး အနားကပ်နေရတဲ့အခြေအနေ။ အစည်းအဝေးတွေမှာလည်း ပြတ်သားမာထင်လွန်းတဲ့စကားလုံးတွေ၊ တင်းမာလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် shareholder  တွေရော directors ပါမကျန် စောဒက မတက်ဝံ့တဲ့အခြေအနေဖြစ်နေကြပြီ။ အလိုမကျတဲ့အမူအရာတွေ၊ စိတ်မရှည်လွန်းတဲ့ ခြေလှမ်းကြဲကြီးတွေနောက် ကသောကမျောလိုက်နေရတဲ့ဝန်ထမ်းတွေ။ တေးတေးမျက်လုံးတစ်ချက်ဝံ့ကြည့်တာနဲ့ အကုန်မျက်လွှာချလို့ခေါင်းငုံနေကြရတဲ့အထိ။

..............................................

နေနိုင်ခဲ့တယ်၊ နေနိုင်နေပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည့်လို့ ဒီမြေကိုပြန်လို့နင်းခဲ့တာ။ တေးတေးရဲ့ အိမ်ပြန်လာမှုကို ကြိုဆိုဖို့စောင့်နေကြတဲ့ ညစာစား ပွဲထဲက မိဘတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ နောက် လက်ရှိရည်းစားကိုပါ ခဏလောက်မေ့ထားပြီး မ ရှိတဲ့ဆေးရုံပေါက်မှာ မ မသိအောင်သွားစောင့်လို့ ကြည့်နေခဲ့မိတာ။ ပြန်ရောက်ပါပြီဆိုတဲ့နေ့ကတည်းက မ တို့ဆေးရုံမှာ presentation လုပ်ရမဲ့ရက်မတိုင်ခင်အထိ ဘယ်သူမှ မသိအောင် ဆေးရုံရှေ့ နေ့တိုင်းသွားစောင့်ကြည့်နေခဲ့တုန်း။ မ နဲ့ခွဲခွာပြီးတဲ့နောက် ပထမဆုံး ပြန်ဆုံတွေ့ရမဲ့ အချိန်ကို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ထိန်းမရနိုင်လောက်အောင် စိတ်လှုပ်ရှားမိနေပေမဲ့ ဟန်းဆောင်လို့ထိန်းနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ် ရှာကြံလို့ကျေးဇူးတင်ရတယ်။ မြင်တယ်၊ တွေ့တယ်၊ သိတယ် ဟန်ဆောင်နေရတာ ဘယ်လောက်များပင်ပမ်းခဲ့ရတယ်ထင်လဲ။ မျက်လုံးထောင့်စွန်းမှာ မကြည့်ပေမဲ့ မြင်နေရတဲ့အရိပ်လေး။ တအံ့တသြနဲ့ငေးကြည့်နေရင်းက ကျေနပ်ကြည်နူးမှုကြောင့် နှုတ်ခမ်းတွေက ပြုံးနေပါရဲ့နဲ့ ကြေကွဲပြိုလဲနေတဲ့ မျက်ဝန်းတွေ။ မျက်လုံးထဲက စကားတွေ မောင်မဖတ်တတ်ဘူးလို့ပဲ ညာလိုက်ပါရစေ။

လူမသိအောင် ခပ်ယို့ယို့လေးထွက်သွားတာ။ မြင်လိုက်ရတဲ့ကျောပြင်ငယ်ငယ်လေးကြောင့် ရင်ထဲမှာက ဆစ်ခနဲ။ အစည်းအဝေးခန်းထဲ မိတ်ဆတ်ပေးတဲ့ ဆရာဝန်တွေရဲ့မျက်နှာတွေကြား မသိမသာရှာဖွေမိရင်းက ခွင့်ယူထားတဲ့ဆရာဝန်တွေဆိုတဲ့ စကားနောက်မှာ မျော်လင့်ချက်လေးက ရိုက်ချခံလိုက်ရသလိုနွမ်းလျသွားပေမဲ့ မျက်နှာမပျက်သွားအောင်တော့ အတွေ့အကြုံတွေ၊ ရင့်ကျက်မှုအချိန်အတိုင်းအတာတွေအရ လူမသိအောင် ထိန်းနိုင်ခဲ့ပါရဲ့။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now