"သို့..... အတိတ်က....." အပိုင်း(၃၄)

311 35 4
                                    

'မတတ်သာလို့ပါမောင်ရယ်' လို့ စိတ်ထဲကအကြိမ်ကြိမ်ပြောရင်းနှလုံးသွေးစက်လက်ကျနေပေမဲ့ မဖြစ်နိုင်လို့ပြန်ရလိမ့်မယ်မောင်ရေ။

ယုံချင်စရာမရှိတဲ့အခြေအနေဖြစ်နေခဲ့ရင်တောင်မှ သိက္ခာနဲ့ရင်းလို့ မောင်နဲ့အခြေအနေကိုရှင်းပြလို့ရပြီး မောင့်ကိုမထိခိုက်အောင်ကာကွယ်နိုင်တာလင်းမြတ်နောင်တစ်ယောက်သာရှိရဲ့လို့တွေးမိချိန် ရင်ထဲကအောင့်လို့တက်လာတဲ့အထိနာရဲ့။ ဒါပေမဲ့လည်း ကူညီနိုင်တာဆိုလို့လည်း လင်းမြတ်နောင်တစ်ယောက်သာရှိပြီး လင်းမြတ်နောင်တစ်ယောက်သာယုံလို့ရနိုင်တာမို့ လင်းမြတ်နောင်ဆီ ဖုန်းလှမ်းဆတ်ချိန်....ဖုန်းဝင်ဝင်ချင်းမှာပဲ.....

"လောရှည်ကောင်.....ဘာတွေဒီလောက်အလုပ်ရှုပ်နေလို့ ခုမှဖုန်းဆတ်ရတာလဲ"

"လင်းလေး...အစ်မတိမ်လွှာရယ်ပါ..." ဆိုတဲ့အသံကြားချိန် ရင်ထဲကတစ်ချက်တုန်သွားပေမဲ့ အကဲခပ်သလိုကြည့်နေတဲ့ ထက်မြတ်နောင်ကြောင့် အမူအရာမပျက်အောင် မနည်းထိန်းလိုက်ရတယ်။

"စကားပြောလို့ရလားညီမလေး... အစ်မ.. မောင်...တေးတေးလေးအိပ်ပျော်နေတုန်းဖုန်းဆက်လိုက်ရတာမို့ပါ"

"တော်ပါ... အခုမှ အပိုတွေလာပြောမနေနဲ့ ပြစ်တုန်းကပြစ်ထားပြီးတော့၊"

"ဟို အနားမှာလူရှိနေတာလား၊ ကိုထက်မြတ်နောင်လား" ဆိုတဲ့အမေးမှာ ဦးနှောက်ကမီးတွေးလင်းသလို အတွေးတွေများသွားပေမဲ့ ဆက်တွေးဖို့အချိန်မယူနိုင်ခဲ့....

"အင်းပါ....ခဏလေးနော် ကိုနောင်..." လို့ပြောပြီး ခြံထဲထွက်လာခဲ့လိုက်တယ်။ ထက်မြတ်နောင်က အကဲခတ်သလိုကြည့်နေပေမဲ့ ဟန်မပျက်ဘဲ ခြံထဲဆင်းလို့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုနဲ့ အစ်မတိမ်လွှာရှင်းပြ၊ ပြောပြနေတဲ့အဖြစ်တွေကို သမီးရီးစား စကားပြောသလိုအခြေအနေနဲ့ နားထောင်နေရပေမဲ့ လောရှည်ကောင်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ရင်တုန်စရာတွေဖြစ်နေခဲ့တာရယ်ပါ။ အစ်မတိမ်လွှာရဲ့အခြေအနေအမှန်ကိုသိလာရတော့ ကိုယ့်အစ်ကိုဖြစ်နေတာတောင်မှ ရင်ထဲမှာစပ်ဆုတ်လာတဲ့အထိ ရွံရှာလာမိတယ်။ အခြေအနေအစအဆုံးမသိတာတောင်မှ သိလိုက်ရတဲ့ဖြစ်ရပ်အပိုင်းအစကလေးမှာတောင်မှ အဖြစ်အပျက်ကတုန်လှုပ်ခြောက်ခြားလောက်စရာအခြေအနေဖြစ်နေခဲ့တာ။  အစ်ကိုဖြစ်သူရဲ့စိတ်အခြေအနေကအဲ့လောက်ဆိုးရွားပြီး ယိုယွင်းပျက်စီးနေပြီလားလို့တွေးမိတော့ ယူကျုံးမရဖြစ်မိတယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now