"သို့..... အတိတ်က....." အပိုင်း(၄၀)

354 25 0
                                    

ဆေးရုံမှာ အခုဆို ဂိုဏ်းကွဲနေကြပြီ......

"နင်တို့မသိဘဲ မပြောကြနဲ့ Doctor  တိမ်လွှာနဲ့ အစ်မတေးသိမောင်တို့က ငယ်ချစ်တွေ တအားချစ်ကြတာ ကံမကောင်းအကြောင်းမလှလို့ ကွဲကြပြီး ခုမှပြန်ဆုံကြတာတဲဲ့"

"ဟဲ့.. အဲ့တုန်းက အစ်မတေးသီမောင်တို့က အခုလောက်စီးပွားရေးအဆင်မပြေဘူးတဲ... နင်တို့ Doctor  တိမ်လွှာ က အာ့ကြောင့်ပလစ်ပြီး ကိုထက်မြတ်နောင်နဲ့ယူတာမဟုတ်ဘူးလား"

"ဟဲ့ အခုကကွာပြီးပြီလေ... "

"ကွာပြီးလည်း ကြာမှ မကြာသေးတာ မလင်းမြတ်နောင်ဆုံးတာတောင်မကြာသေးဘူး...အစ်မတေးသီမောင်က ရှောင်နေတာတောင် နင်တို့ Doctor  တိမ်လွှာ ကအရမ်းလိုက်ကပ်နေတာလေ... အသိသာကြီး... ထားခဲ့ပြီးမှ လွတ်တဲ့ငါး ကြီးနေတာ... "

"ဘယ်မှာ လွတ်တဲ့ငါး ကြီးနေလို့လည်း ငွေမတ်နေမှတော့ အခုရောက်နေတဲ့ ဆေးရုံပိုင်ရှင်ကို ထကြိုက်မှာပေါ့ဟဲ့...ဟိုကဘယ်လောက်တောင် Doctor  တိမ်လွှာ ကို ဒီလောက်ကြူနေလိုက်သလဲဆိုတာ မသိကြလို့ပြောနေတာလား... flirt  တာ flirt   တာဆိုတာ တစ်ခါတစ်လေ ကိုယ်တွေတောင်အသည်းတယားယားနဲ့ ...Doctor  တိမ်လွှာ လောက် တည်တာ Doctor  တိမ်လွှာ ပဲရှိတယ်"

"မူနေတာပါအေ.... အဲ့ဒါက"

"ဘာမူတာလဲ မူနေလည်း လိုက်တယ်......ဟီး ဟီး...ငါတို့ကတော့ Doctor  တိမ်လွှာ နဲ့ မ ယွန်းမြတ် ဘက်ကပဲဟေ့... "

"ဟုတ်လား.. " ဆိုပြီး အနောက်ကနေ ခပ်ဖွဖွနားနားကပ်မေးလိုက်လို့ တစ်ယောက်တည်းတစ်ဖွဲ့ကွဲနေတဲ့ သူနာပြုမလေး လန့်ပြီး ရင်ဘတ်လေးကိုအသာအုပ်လို့ ဘေးကိုငဲ့လို့ကြည့်မိတော့ ရှင်းသန့် လွန်းတဲ့မျက်နှာနုနုလေးက ခပ်ဆဆပြုံးလို့ကြည့်နေရဲ့.....

အနောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်သွားတဲ့သူနာပြုလေးကို လက်နှစ်ဖက်နောက်ပြစ်လျက်လေးနဲ့ ခပ်ပြုံးပြုံး ခါးလေးကိုင်းလို့ကြည့်နေရင်း ဖြတ်ခနဲ လက်တစ်ဖက်က သူနာပြုလေးရဲ့ ရင်ဘတ်မှာထိုးထားတဲ့ နာမည်ကဒ်လေးကို အသာကိုင်ကြည့်တော့ သူနာပြုလေးရဲ့ ခန္ဓာကိုယ်ကတစ်ချက်ယို့သွားပြီး မျက်နှာက ရဲခနဲဖြစ်သွားပြီး ရှပ်သွေးဖြာသွားတယ်။ မိန်းကလေးချင်းပေမဲ့ မထိတထိနဲ့ လက်ရဲဇာတ်ရဲနိုင်လွန်းပုံက ရင်တုန်ချင်စရာ ရင်ခုန်ချင်စရာအတိနဲ့ရယ်ပါ.........

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now