"သို့..... အတိတ်က....." အပိုင်း(၄၁)

483 31 11
                                    

မနက်ရုံးရောက်ကတည်းက ကြားရတဲ့သတင်းတွေ...အဖျင်းစကားတွေကြောင့် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး မတင်မကျဖြစ်နေခဲ့ရင်းက ဆေးရုံပိုင်ရှင်ဆိုသူကိုမိတ်ဆတ်မိချိန်မှာတော့ ဘဝင်မကျမှုက ရင်ဝတက်စောင့်လို့လာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအကြည့် ဒီလိုအပြုံးတွေက တေးတေးအတွက်သာမာန်ပါလို့ကို ယူဆလို့မရနိုင်ခဲ့တဲ့ အကြည့်တွေ အပြုံးတွေရယ်ပါ။ မြွေမြွေချင်းခြေမြင်တယ်ဆိုဆို တစ်ပတ်ဆိုတဲ့အချိန်အတွင်းလေးမှာတင် ဆေးရုံတစ်ခုလုံးကလူတွေမသိသူမရှိလောက်တဲ့အထိ လူမှုဆတ်ဆံရေးကောင်းလွန်းတဲ့ ယွန်းမြတ်ချယ်ရယ်ပါ။ တေးတေးရဲ့အရပ်လောက်မရှည်ပေမဲ့ ဒေါက်စီးလိုက်တဲ့အခါ တေးတေးရဲ့အရပ်နဲ့ ရွယ်တူဖြစ်လောက်တဲ့အထိရှည်တဲ့ အဲ့အမျိုးသမီးက မ ရဲ့အသက်နဲ့ရွယ်တူဖြစ်နေခဲ့ပြီး သူက  lesbian  စစ်စစ်ကြီးတစ်ယောက်ဆိုတာသိရချိန် မ အတွက်ဘယ်လိုမှ စိတ်မချနိုင်ဖြစ်ခဲ့ရပြီ။ ကြားရတဲ့သတင်းတွေအရ ယွန်းမြတ်ချယ်ဆိုတဲ့ အမျိုးသမီးက မ ကို ရိသဲ့သဲ့ပြောနေခဲ့ပြီဆိုတာသိလိုက်ရသလို မ ကို ယွန်းမြတ်ချယ်ဆီတွနါးပို့နေတဲ့လူစုကလည်း သက်သပ်ကိုရှိနေခဲ့ပြီ။

.........................................

မြင်လိုက်ရတဲ့မြင်ကွင်းက တေးတေးအတွက် ဘယ်လိုမှအဆင်မပြေနိုင်တော့။ လူရှင်းတဲ့ corridor ထောင့်ချိုးမှာ ယွန်းမြတ်ချယ်ဆိုတဲ့အမျိုးသမီးက နံရံကို လက်နှစ်ဖက်နဲ့ထောက်ထားပြီး မ က နံရံနဲ့ ယွန်းမြတ်ချယ်ရဲ့ကြားမှာပိတ်မိနေခဲ့တာ။ နဂိုကတည်းက လူကောင်သေးသေးကွေးကွေး မ က ယွန်းမြတ်ချယ်ဆိုတဲ့အမျိုးသမီးရဲ့ ရင်ခွင်ထဲရောက်လုလု။  မ သာ မျက်နှာလွှဲပြီး ခေါင်းငုံ့ မထားခဲ့ရင် မျက်နှာနှစ်ခုကတစ်သားတည်းဖြစ်နေရော့မယ်။ မိန်းကလေးချင်းပေမဲ့ အသာယူလွန်းတဲ့ ယွန်းမြတ်ချယ်ဆိုတဲ့ အမျိုးသမီးကို ဒေါသထွက်သလို မျက်နှာတစ်ခုလုံး နီရဲနေပြီး အနေရခက်နေတဲ့ မ မျက်နှာကို မြင်ပြန်တော့ အလိုမကျတဲ့စိတ် သဝန်တိုတဲ့စိတ်က ငယ်ထိပ်တက်စောင့်ရဲ့။  မရဲ့မျက်နှာကလည်း အတော့်ကို မာမာထန်ထန်ရယ်ပါ။

........................................

မောင့်ကိုချစ်တိုင်း....ချစ်မိခဲ့တဲ့မောင်က မိန်းကလေးတစ်ယောက်ဖြစ်တိုင်း တိမ်လွှာဖြူက မိန်းကလေးချင်းပဲစိတ်ဝင်စားမိသူ မိန်းကလေးချင်းပဲစိတ်ဝင်စားတတ်သူမှ မဟုတ်တာလေ။ တိမ်လွှာဖြူ ချစ်မိသူက မိန်းကလေးတစ်ယောက်ဖြစ်မိသွားတာလေးပဲရှိတာ။ မောင်က မိန်းကလေးဖြစ်နေတာလေးပဲရှိတာ တိမ်လွှာဖြူက မောင့်ကို မောင်မို့ မောင့်အတိုင်း မောင့်ဖြစ်တည်မှုလေးကို ချစ်ခဲ့တာ မြတ်နိုးခဲ့တာရယ်ပါ။ ဒါကို ခု... ယွန်းမြတ်ချယ်ဆိုတဲ့အမျိုးသမီးက ဘယ်လိုတွေတွေးနေတယ်မသိ။ စဆုံကြပါပြီဆိုကတည်းက ပြောလိုက်တဲ့ ရိသဲ့သဲ့စကားတွေ၊ ပြောလိုက်တဲ့ ကျီစားတဲ့စကားတွေ တခြားမိန်းကလေးတွေသာဆို ကြွေဆင်းမလား မသေချာပေမဲ့ တိမ်လွှာဖြူဆိုတဲ့ ကျွန်မအတွက်တော့ သူ့အပြောတွေ သူ့စကားလုံးတွေ သူ့အမူအရာတွေက စိတ်ရှုပ် စိတ်ကုန်ရရုံကလွဲလို့ တိမ်လွှာဖြူ့စိတ်ထဲ ထူးခြားတဲ့စိတ်ခံစားမှုမျိုးဖြစ်မလာခဲ့။ အမြဲတွေးနေမိခဲ့တာ မောင့်အကြောင်းရယ်ပါ။  အခြေနေအရပ်ရပ်ကို သိနေခဲ့ရ ကြုံခဲ့ရသူမို့ မောင့်အတွေး မောင့်ခံစားချက်အားလုံးကိုသိနေတာတောင် မောင့်ကိုနားလည်ပေးနေရင်းက ကြေမွနေတဲ့စိတ်တွေကို တစ်စစီပြန်ကောက်ရင်း အားတင်းရှေ့ဆက်နေခဲ့ရတာ။ ကြုံခဲ့ရတဲ့ အခြေအနေတွေ၊ အဖြစ်အပျက်တွေ၊ ခံစားချက်တွေအားလုံးပြေဖို့ မောင့်ရင်ကိုတိုးလို့ ငိုချချင်လှပြီ ရင်ဖွင်ချင်လှပြီ။ တစ်နေကုန်အားတင်း အလုပ်လုပ်နေရင်းက  duty  ချိန်ကုန်တာနဲ့ လူက နွမ်းကြေခွေလျနေခဲ့ပြီ။ တစ်နေ့ မောင့်ရင့်ခွင်တိုးဝှေ့ငိုနိုင်မဲ့ရက်ကို လူမောစိတ်မောနဲ့အားတင်းလျှောက်နေရတာ နီးပါပြီ အစထက်စာရင် နီးနေပါပြီလို့ တွေးနေရင်းက ပြိုလဲကျနေတဲ့မနည်းအားတင်းရှေ့ဆက်နေရတာကို ခု ဘယ်လိုအခြေအနေနဲ့ မောင့်ကိုမြင်စေခဲ့ရတာပါလဲ။ ဘယ်လိုအခြေအနေနဲ့ ကြုံစေခဲ့ရတာပါလဲ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now