"သို့..... အတိတ်က....." အပိုင်း(၃၇)

401 29 4
                                    

 

အချိန်က ည ကိုးနာရီ။ စားသောက်ဆိုင်တစ်ခုကနေယှဉ်တွဲထွက်လာတဲ့ အမျိုးသမီးလေးနှစ်ယောက် အချင်းချင်း အပြုံးလေးတွေနဲ့ခဏရပ်စကားပြောနေကြပြီး အရပ်ရှည်ရှည်နဲ့ အမျိုးသမီးလေးတစ်ယောက်က ကားသွားအယူ အရှိန်ပြင်းပြင်းနဲ့ ထိုအမျိုးသမီးလေးဆီတိုးဝင်မောင်းလာတဲ့ကားကြောင့် ရုတ်တရတ်မို့ရှောင်ဖို့သတိမရဘဲ ကြက်သေသေလို့ကြည့်နေမိချိန်။ ခန္ဓာကိုယ်ကလေဟာနယ်ထဲ လွင့်လို့ အရှိန်ပြင်းပြင်းနဲ့ ကျောက်လမ်းထက်ရိုက်မိခဲ့ပြီး လမ်းပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ထပ်ပြီးရိုက်ခတ်ကျမိတဲ့ ခေါင်းကြောင့် အမြင်အာရုံတွေကဝေဝါးလို့ စိတ်နဲ့ကိုယ်က ခဏလွင့်ထွက်သွားပြီး မူးဝေသွားချိန်။ သတိပြန်ကပ်လို့ အတင်းကုန်းရုန်းထပြီး ခေါင်းကိုခါယမ်းမိတော့ ခိုက်မိတဲ့အရှိန်ကြောင့် ရလာတဲ့ဒဏ်ရာကနေကျလာတဲ့သွေးတွေက ခေါင်းထက်ကတဆင့်စီးကျလာပြီး မျက်နှာပေါ်ထက်ရဲလို့ ခက်လို့။ အတင်းအားယူလို့ လက်ထောက်လို့ခေါင်းထောင်ကြည့်မိချိန် မိုက်ခနဲဖြစ်သွားလို့ ချော်ကျသွားတဲ့လက်ကြောင့် ဝိုင်းလာတဲ့လူအုပ်ကြားကနေ တစ်ယောက်က ကမန်းကတမ်း လက်မောင်းကိုဖမ်းထိန်းပေးခဲ့လို့ လှဲကျမသွားခဲ့ပေမဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကအသည်းတွေအူတွေကို အဆုပ်လိုက်လက်ကြမ်းကြီးနဲ့ဆွဲလို့ နုတ်ယူခံလိုက်ရသလိုခံစားချက်မျိုး။ သူ့အရှေ့မလှမ်းမကမ်းမှာ ပက်လက်ကလေးနဲ့ ပါးစပ်ကနေသွေးပွက်ပွက်အန်နေတဲ့ အမျိုးသမီးလေးဆီ မယုံကြည်နိုင်တဲ့မျက်ဝန်းတွေ၊ တအံ့တသြဖြစ်နေတဲ့မျက်ဝန်းတွေနဲ့အတူ အတင်းကုန်းလို့လေးဘက်ထောက်သွားရင်း ဒူးတုပ်ရက်လေး ဝပ်လို့ တုန်းယင်နေတဲ့လက်တွေနဲ့ ပါးစပ်ကလျှံကျလာတဲ့သွေးတွေကိုခပ်ဖွဖွထိသုပ်ပေးရင်းတော့ အထွေးလိုက်အန်ကျလာတဲ့သွေးခဲတွေကြောင့် အလန့်တကြားနဲ့ ကိုယ့်အင်္ကျီကိုပြန်သုပ်မိတော့ ဝတ်ထားတဲ့အဝါနုရောင်အင်္ကျီလေးက ခေါင်းပေါ်ကစီးကျထားတဲ့သွေးတွေနဲ့ရောလို့မြင်မကောင်းအောင်စီးကပ်နေခဲ့ပြီ။ မထိဝံ့မကိုင်ဝံ့နဲ့ သူပဲထပ်ထိလိုက်မိရင်ဘဲ ပိုပြီးနာကျင်သွားတော့မလား၊ ပိုပြီးထိခိုက်သွားတော့မလား စိုးရိမ်စိတ်တွေနဲ့ ပတ်ဝန်းကျင်လည်းသတိမရတော့။ ခေါင်းလေးကိုအသာမလို့  လက်တစ်ဖက်ကိုခေါင်းအောက်ထိုးလို့ မပြီးခြေတစ်ဖက်ဆင်းလို့ရင်ခွင်ထဲထည့်ပွေ့ပိုက်ပြီး.......

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now