"သို့..... အတိတ်က ....." အပိုင်း (၈)

305 25 0
                                    

"ဖြူ.. " ဆိုတဲ့မေးသလိုခေါ်သံကြောင့် ကျွန်မကိုငေးကြည့်နေတဲ့အစ်မက ဘေးရောက်လာတဲ့ လူကိုမော့ကြည့်လိုက်ရင်း.....

"ဪ ကိုနောင်"

"တူပါတယ်လို့ကြည့်ရင်း ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး လာနှုတ်ဆတ်တာ" လို့ပြောရင်း အစ်မဘေးဝင်းထိုင်လိုက်တယ်။

"ညီမလေး လာလေ" ဆိုပြီး သူ့နောက်က ပါလာတဲ့ကောင်မလေးကိုလှမ်းခေါ်တော့... အစ်မက ထိုင်ရာက ထလိုက်ရင်း....

"တေးတေးလေး ဟိုဘက်တိုးပေးနော်ဆိုပြီး" အစ်မနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကျွန်မဘေးကို ရွှေ့ထိုင်တယ်။

"ထိုင်၊ ညီမလေး " လို့ပြောရင်းက မုန့်ဟင်းခါးပန်းကန်ကိုဆွဲယူလိုက်တယ်။  အစ်မကိုတစ်လှည့် မုန့်ဟင်းခါးပန်းကန်ကို တစ်လှည့်ကြည့်ရင်း ကိုထက်မြတ်နောင် မျက်နှာတစ်ချက်ပျက်သွားပေမဲ့ ချက်ချင်းပြန်ပြင်လိုက်နိုင်တဲ့ အဲ့ဒီလူရဲ့ အစွမ်းကိုတော့ ကျွန်မ မချီးကျုးဘဲမနေနိုင်ခဲ့ဘူး။ တကယ့်ကို ခဏလေးအတွင်းမှာပြင်နိုင်ခဲ့တာ။ အတော်လည်း ဟန်ဆောင်ကောင်းတဲ့သူပဲ။ ကျွန်မ မျက်နှာကတော့ ထိန်းမရနိုင်အောင်ပျက်နေမှာသေချာပါတယ်။ အစ်မကတော့ ကျွန်မဘေးရွှေ့ထိုင်ကတည်းက ပေါင်ပေါ်တင်ထားတဲ့ ကျွန်မလက်ကို သူ့လက်သေးသေးလေးနဲ့ တင်းတင်းလေးအုပ်လို့ကိုင်ထားတယ်။

"ဒါ ကျွန်တော်ညီမဝမ်းကွဲလေးလေ၊ လင်းမြတ်နောင်တဲ့ ဝမ်းကွဲဆိုပေမဲ့ ညီမအရင်းလိုပဲ အဲ့ဒါကြောင့် နာမည်တောင်ဆင်တူပေးထားဖြစ်တာ၊ သြဇီ ကပြန်ရောက်တာနှစ်ရက်ရှိသေးတယ်၊ အလည်ပို့ဖို့ဂျစ်တိုက်နေလို့ ဘုရားဘက်အရင်လိုက်ပိုတာ " လို့ ရီရင်းပြောနေတဲ့လူ.......

သူများမျက်စိထဲကြည့်ကောင်းနေမလားမသိပေမဲ့ တေးတေးမျက်လုံးထဲတော့ ဟန်ဆောင်ထားတယ်ချည်း ထင်နေတော့တာ။ လိုလို့လား အဲ့လောက်ထိရှင်းပြခင်းပြဖို့နဲ့၊ သူ့ညီမဝမ်းကွဲကို အရင်းလိုချစ်ကြောင်းရှင်းပြနေဖို့ကို။ နည်းနည်းမှမကြည်ဖြူနိုင်ပါဘူး။ အဲ့လူကအမြဲအဲ့လိုပဲ အစ်မနဲ့ ကျွန်မ စကားအေးဆေးပြောချိန် ကျွန်မဖွင့်ပြောလုလုအချိန်ဆို ဘယ်ကဘယ်လိုရောက်ရောက်လာမှန်းမသိတဲ့ သာသနာဖျက်။ ကျွန်မဘုတောပြောသမျှ ကလေးမို့ နားလည်ပါတယ်။ ခွင့်လွှတ်ပါတယ်ဆိုတဲ့အထာနဲ့ အစ်မရှေ့ အမှတ်ကယူချင်သေးတာ။ အခုလည်း ဖွင့်ပြောပြီးကာစ အစ်မသဘောတောင်မမေးရသေး။ အခါကောင်းကို ဘယ်ကရောက်ချလာမှန်းမသိ။ တွေးရင်းကဒေါသပိုထွက်လာလို့ မျက်စောင်းချည်းလှိမ့်ထိုးနေမိတယ်။ သူ့ညီမဆိုတဲ့သူကိုပါအဆစ် မျက်စောင်းထိုးလိုက်မိသေးတယ်။ သူ့ညီမဝမ်းကွဲဆိုတာကလည်း ရောက်ကတည်းက ကိုယ့်ကိုစိုက်ကြည့်နေတာ စားမတတ်ဝါးမတတ်။ လူမမြင်ဘူးတဲ့အတိုင်း။ သြဇီမှာ လူမရှိဘူးလားမသိ။ အစ်မကတော့ စူပုတ်နေတဲ့ ကိုယ်မျက်နှာကိုတစ်လှည့် ကိုထက်မြတ်နောင်ကို တစ်လှည့်ကြည့်ရင်းဗျာများနေရပုံပဲ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now