"သို့.....အတိတ်က....." အပိုင်း (၁၁)

314 26 1
                                    

"ဟိုမှာရှင့်ရဲ့မောင် လာကြိုနေပါပြီ" လို့မေးဆတ်ပြတဲ့မြတ်နိုးရဲ့စကားကို အပြုံးလေးနဲ့တုန့်ပြန်ရင်း မောင့်ဆီလှမ်းလာခဲ့တော့တယ်။  ပြုံးပြီးကြည့်နေတဲ့ မောင့်ကိုမြင်ရင်ကို လူကအလိုလိုလေထဲမြောက်နေခဲ့ပြီးသား။ မောင့်ကိုချစ်ပါတယ်လို့ ဝန်ခံပြီးတဲ့နောက်ပိုင်းကစလို့ မောင်နဲ့ဆုံတိုင်း မောင့်ကိုပဲ တမေ့တမောငေးမောကြည့်နေတတ်ခဲ့တာ။ ဒီလူရှည်လေးက ကျွန်မရဲ့မြတ်နိုးရာလေး ကျွန်မရဲ့ပိုင်ဆိုင်ရာလေးဆိုတဲ့အသိကိုက စိတ်ထဲမှာကြည်ကြည်နူးနူး။ အရင်ကလည်း မောင့်ခါးကိုဖက်ပြီး စီးဖူးနေကြဆိုင်ကယ်က မောင့်ကိုဝန်ခံပြီးတဲ့နောက်ပိုင်းပိုပြီးအသက်ဝင်လာသလိုလို ကျေနပ်လို့ပြုံးနေတဲ့အပြုံးတွေက ရပ်မရဘူးရယ်။

မိဘတွေကလွဲရင်အထွန်းလေးအပါ ကျွန်မတို့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေအားလုံး ကျွန်မတို့ဆက်ဆံရေးကို သိကြတယ်။ စိတ်ပူခဲ့ပေမဲ့ဖွင့်ပြောချင်ခဲ့တာ မောင့်ကိုစိတ်မပူစေချင်လို့။ မောင့်ကိုမသိမ်ငယ်စေချင်လို့။ ကျွန်မမွေးနေ့မှာပဲ သူငယ်ချင်းတွေကို မုန့်ကျွေးရင်း မောင့်လက်ကိုဆွဲလို့ "ငါတို့ချစ်သူတွေဖြစ်သွားကြပြီ" လို့ပြောတော့ စားလက်စတွေရပ်လို့ အားလုံးက တအံ့တသြဝိုင်းကြည့်ကြတယ်။ ရှက်တာထက် မျက်နှာပူတာတစ်ခုပဲ။ ကျွန်မကိုယ်ကျွန်မထက် မောင့်ကိုပိုစိတ်ပူနေခဲ့မိတာ။ အားလုံးကကျွန်မတို့နှစ်ယောက်ကိုတအံ့တသြငေးကြည့်နေကြပေမဲ့ ကျွန်မကတော့ ကျွန်မလက်ကိုစိတ်လှုပ်ရှားစွာနဲ့တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ထိုင်နေတဲ့ မောင့်မျက်နှာကိုပဲ စိုးရိမ်တကြီးကြည့်နေခဲ့မိတာ။

"စိတ်ပူမနေနဲ့ တေးတေးမျက်နှာလည်း ပေါက်ထွက်သွားဦးမယ်"

"ဟုတ်ပ တကယ်တည်းပိုကိုပိုတယ်၊ အတွဲတွေများအတော်လွန်ပါတယ်အေ"

"တစ်ဝိုင်းတည်းတော့ရောမချနဲ့ လက်မခံဘူး"

"ဟုတ်တယ်၊ သက်သက်တစ်ဝိုင်းထပ်ကျွေးရမယ်ဒါပဲ"

"အံ့သြစရာတော့မရှိပါဘူး ရုတ်တရတ်မို့ကြောင်သွားတာတစ်ခုပဲ နင်တို့ချစ်သူတွေမဖြစ်ကြရင်သာ အံ့သြရမှာ"

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now