5. World 1.4

1K 101 0
                                    

Unicode

"မင်းကောင်းကောင်းမအိပ်ခဲ့ရဘူးလား... မျက်နှာက ဘာဖြစ်နေတာလဲ"Sunghooက စားပွဲကိုရိုက်ရင်း အားရပါးရရီနေလေ၏....

ကျိန်းသေပဲ... မနေ့ညက system က Jihoonရဲ့ Heat cycleအကြောင်း သတိပေးတာကြောင့် သူကောင်းကောင်းမအိပ်ရသေးဘူး... အဲ့တာကြောင့် မျက်ကွင်းတွေညိုမည်းနေတာ... ဒါပေမဲ့ အခုလောလောဆယ် အဲ့ဒါက ပြဿနာမဟုတ်ဘူး!!!

Author : မင်းJihoonနဲ့ပက်သက်ပြီး ညစ်ပတ်တာတွေတွေးနေတာမလား...

{ကျွန်တော့်အတွေးတွေကို ဝင်မဖတ်နဲ့!!}

 "နေ့လည်စာစားဖို့မသွားဘူးလား... ငါ canteen သွားမလို့... မင်းတစ်ခုခုမှာအုံးမလား"  Sunghoo က သူ့ပုခုံးကိုပုတ်ကာ မေးသည်....

"တော်ပြီ... ငါအဆင်ပြေတယ်" ထိုအခါ  Sunghoo က ခေါင်းညှိမ့်ကာ ထွက်သွား၏....

{author... ကျွန်တော် ဒီHeat cycleအကြောင်း သေချာမသိရသေးဘူး... အဲ့တာဘာလဲ}

Author : စိတ်လျှော့...pen ကိုနှိပ်လိုက်....

သုံးဖက်မြင်ပုံရိပ်က သူသိချင်တဲ့အချက်အလက်တွေနှင့် ပေါ်လာပြန်၏... သူပြောထားတာမှာ Omega တစ်ယောက်က သူ့ Heat cycleနဲ့ကြုံရင် ထိန်းချုပ်ဆေးရှိတာပိုကောင်းသည်....

{ထိန်းချုပ်ဆေးဆိုတာဘာလဲ... အဲ့တာကို ကျွန်တော်ဘယ်မှာဝယ်လို့ရမလဲ}

Author : ကျောင်းcanteen ဘေးက ဆေးဆိုင်မှာရတယ်... အဲ့လိုအရာတွေကို ရှောင်ဖို့ ကျောင်းက ဆေးဆိုင်ထားပေးထားတယ်...

ယန်မှာအချိန်မဖြုန်းတော့ဘဲ ကျောင်းဆေးဆိုင်ကိုသွားကာ ထိန်းချုပ်ဆေးဝယ်လိုက်၏... ဆေးဆိုင်ဝန်ထမ်းတွေမှာ ရှက်သွေးဖြာနေလျက်  'ချိုမြိန်လိုက်တာ... ရှင့်ကိုရတဲ့ Omega လေးတော့ တော်တော်ကံကောင်းတာပဲ' ဟုပြောလေ၏.... ထိုစကားကြောင့် ယန်တစ်ယောက် ရှက်ကာ မျက်နှာနီလာလေသည်...

{အခု သူဘယ်မှာလဲ... သူ့ကိုcanteen မှာရှာမတွေ့ဘူး}

Author : မြန်မြန်! သူသန့်စင်ခန်းထဲမှာ... တခြား Alpha တွေ သူ့ကိုရှာမတွေ့ခင် မြန်မြန်သွား...

ယန်တစ်ယောက် မဆိုင်းမတွဘဲJihoonကိုလိုက်ရှာနေ၏... ဘာလို့လဲဆိုတော့ သူ့ pheromones တွေက ပျံ့နှံ့နေလို့ပင်... ထို့နောက် သူအခန်းတစ်ခန်းကို ခေါက်ပြီး "Jihoon...ကိုယ်ပါ... တံခါးဖွင့်ပေး ကိုယ်မင်းအတွက် ထိန်းချုပ်ဆေးဝယ်လာတယ်" အထဲကအမျိုးသားလေးက တုံ့ပြန်ခြင်းမပြု... "မင်းအထဲမှာဆိုတာ ကိုယ်သိတယ်... ကိုယ်မင်းရဲ့ pheromones တွေကိုရတယ်... မင်းဆေးသောက်ရမယ်...မဟုတ်ရင် ဒုက္ခရောက်....."

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now