21.World-1.20

734 69 4
                                    

Unicode

"Okay.. အတန်းလိုက်တန်းစီမယ်နော်... 

ကျောင်းသားတွေမှာ ကျောင်းကားပါကင်နားတွင် ခရီးအတွက် ပြင်ဆင်ရင်း စုဝေးနေကြသည်...ပါမောက္ခတွေက လူစစ်နေတုန်း ယန်ကတော့ ကျောင်းသားဥက္ကဌအနေနဲ့ ထိုင်ခုံနံပါတ်တွေကို စီစဉ်ပေးနေသည်... 

ယန်တစ်ယောက် မိနစ်တိုင်း နောက်လှည့်ကြည့်ရင်း ရင်းနှီးနေတဲ့ပုံရိပ်လေးကို ရှာဖွေနေ၏... 

ယန်က ဒီနေ့ကျောင်းကို စောစောလာတာကြောင့် Jihoonက သူနဲ့အတူလိုက်မလာပေ... မင်ယော့က သူ့ကိုလာခေါ်လိမ့်မယ်လို့ Omegaလေးက ပြောသည်.... 

"Daewon!!" ကလေးတစ်ယောက်လို သူ့ပခုံးပေါ်ခုန်တက်ကာ "ကားပေါ်မှာ ငါမင်းရယ် Jihoon နဲ့ အတူထိုင်ချင်တယ်"မင်ယော့ပြောလေ၏...

သူအံ့ဩသွားပေမဲ့ Jihoonကိုမြင်တော့ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်... "G-Good M-Morning" ဘေးမှာရှိနေတဲ့ Omegaလေးကဆိုသည်...

မင်ယော့တစ်ယောက် Jihoonနားကို ပြန်သွားကာ လက်မောင်းကို ဖက်လိုက်၏... "Jihoonလိုက်လာတာ ငါအရမ်းပျော်တာပဲ... သူ့ကိုလိုက်ခဲ့ဖို့ပြောရတာ တော်တော်ခက်တယ်" မင်ယော့မှာ နှုတ်ခမ်းဆူကာ ညည်းလိုက်သည်...

ဆရာတွေက သူတို့ကို ခေါ်နေပြီ... လူတိုင်း ကားပေါ်မှာနေရာယူပြီးသော်လည်း ခရီးစဉ်တစ်လျှောက် အားလုံးမှာ ငိုက်မျဉ်းနေတာကြောင့် ကားပေါ်တွင် တိတ်ဆိတ်နေလေ၏... ယန်လည်းပဲ ပြတင်းပေါက်ကနေ အဝေးကိုကြည့်နေကာ စိတ်အာရုံတွေလွင့်နေလေသည်...

"မင်းစားအုံးမလား" Sunghooက သူ့ကိုပုတ်ကာ အာလူးကြော်လှမ်းပေးရင်း မေးသည်...

"တော်ပြီ... မစားတော့ဘူး" ထို့နောက်မှာတော့ ယန် တစ်ဖက်သို့ပြန်လှည့်က အတွေးတွေကို ဆက်နေလိုက်၏... မျက်နှာဖုံးနောက်ကွယ်ကလူက သူ့ကို အရမ်းစိတ်ရှုပ်အောင်လုပ်နေသည်...

သူတို့ စခန်းချရာနေရာကိုရောက်တဲ့အထိ ယန်မှာတိတ်ဆိတ်နေ၏..

သစ်တောမှာ အညိုရောင်ဖြစ်နေသည်.. နံနက်ခင်းကြယ်များက ငွေပန်းလေးတွေလို တလက်လက်တောက်ပကာ သူတို့အား ငုံ့ကြည့်နေသကဲ့သို့ဖြစ်နေ၏... သူတို့လမ်းလျှောက်တော့ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် ခြေထောက်အောက်ရှိ မြက်တွေမှာ တဖြောက်ဖြောက်အသံမြည်နေသည်... မိနစ်အနည်းငယ်လောက် လမ်းလျှောက်ပြီးနောက် သူတို့စခန်းချမည့်နေရာကို ရောက်လေပြီ... Activitiesတွေမစခင် ယာယီတဲတွေဆောက်ဖို့ ဆရာတွေက ပြောသည်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now