9. World-1.8

769 83 5
                                    

Unicode

ယန်လည်း စိတ်မကောင်းဖြစ်နေသေးပေမဲ့ အနည်းဆုံးတော့Jihoonကို နည်းနည်းလောက် စိတ်သက်သာရာရအောင် လုပ်လိုက်နိုင်သည်... ဆရာဝန်ပြောတာက သူ့အဖေက စိတ်လှုပ်ရှားပြီး မေ့လဲသွားတာလို့ပြော၏... ဖြစ်နိုင်တာက သူနဲ့ အပြင်ထွက်သွားတာကို စိတ်ပူတာဖြစ်နိုင်သည်...

ယန်က သူ့ပုခုံးကိုမှီကာ အိပ်နေတဲ့ Omegaလေးကို ကြည့်လိုက်၏.... သူတို့လက်တွေက တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ထားပြီး ဒီလိုလေး လက်တွေကိုဆုပ်ကိုင်ထားတာက အနည်းငယ် စိတ်သက်သာရာရမည်ဟု ယန်ထင်သည်...

"Jihoon...ထတော့" သူညင်သာစွာ နှိုးလိုက်၏...

Jihoonက ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်ပြီး သူ့ကို ပြုံးပြနေသည့် ယန်ကိုကြည့်လိုက်သည်... "အဆင်ပြေသွားပြီလား" ယန်ကမေးလိုက်တော့ Jihoonက ခေါင်းညှိမ့်ပြလိုက်သည်... ထို့နောက် သူတို့လက်တွေဆုပ်ကိုင်ထားတာကိုတွေ့တော့ Jihoonတစ်ယောက် ရှက်သွားလေ၏... သူမြန်မြန်ပဲလက်ကိုလွှတ်လိုက်လေသည်...

ယန်က Jihoonကို သူ့အဖေနှင့်သီးသန့်စကားပြောဖို့ထားခဲ့ပြီး သူကတော့ဆေးရုံပန်းခြံသို့ ဆင်းလာခဲ့သည်... 

Author : မင်းအိမ်မပြန်ဘူးလား...

{ဟင့်အင်း...ကျွန်တော်Jihoonဘေးမှာ ရှိနေရမယ်... သူကျွန်တော့်ကိုလိုအပ်တယ်}  

Author : မင်းဒီအခွင့်အရေးကိုသုံးပြီး missionပြီးဖို့လုပ်နေတာပါ...

{အဲ့ဒါလည်းပါတာပေါ့! ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းဖြစ်နေတုန်းပဲ}

Author : ဒါဆို အခုက အပြစ်ရှိသလိုခံစားနေရတဲ့ပုံပေါ့...

{ကျွန်တော့်ကို ဘယ်လိုတောင်တွေးထားတာလဲ! ဒီမှာ..ကျွန်တော်က နှလုံးသားမရှိတဲ့လူမဟုတ်ပါဘူးနော်}

Author : Oh! Jihoonလာနေပြီ... 

Omegaရောက်လာတော့ သူကယန်ရဲ့ဘေးမှာထိုင်ကာ သူ့ပုခုံးတွေကတော့ Alphကိုထိနေ၏...

"ပြီးသွားပြီလား...မင်းအဖေဘယ်လိုနေသေးလဲ" ယန်ပြောလိုက်တော့ Jihoonကခေါင်းသာပြန်ညှိမ့်ပြ၏...

ဒါပေါ့...ယန်က သူပြန်ဖြေလာဖို့ကိုလည်း မမျှော်လင့်ထားပါဘူး... Jihoonက စကားမှမပြောနိုင်တာ...သူတို့နှစ်ယောက်ကြားဒီလိုကြီး တိတ်ဆိတ်နေမယ့်အစား ယန်က စကားစပြောလိုက်သည်..."မင်းသိလား...ကိုယ်ပန်းတွေကို သဘောကျတယ်... မရီရဘူးလား... ကိုယ်က Alphaတစ်ယောက်ဆိုပေမဲ့ ပန်းတွေကို သဘောကျတယ်" သူက Jihoonကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်၏... 

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now