17. World-1.16

727 74 0
                                    


Unicode

အနီရောင်Ferrariကားလေးက Jihoonတို့အိမ်ရှေ့တွင် သုံးကြိမ်လောက် ဟွန်းတီးခဲ့သည်... Jihoonကို မနက်စောစောလာခေါ်မယ်လို့ ယန်ပြောခဲ့သည်... မိနစ်အနည်းငယ်လောက်စောင့်ပြီးနောက် Jihoonက ခြံထဲကနေ မြန်မြန်ထွက်လာတာကို တွေ့လိုက်သည်... Omegaလေးရဲ့လက်ထဲမှာ နေ့လည်စာဘူး နှစ်ဘူး ကိုင်ထားတာကိုလည်း တွေ့လိုက်ရ၏... သူကားထဲကို ဝင်ဝင်ချင်း ယန်က သူ့အိတ်ကိုယူလိုက်ကာ "ဘာလို့အဲ့လောက်လောနေတာလဲ... အစောကြီးရှီပါသေးတယ်" ယန်ပြောပြီးနောက် သူ့အကြည့်က Jihoonလက်ထဲက နေ့လည်စာဘူးတွေဆီရောက်သွားသည်... "ကျွန်...ကျွန်တော် နေ့လည်စာ လုပ်..လုပ်ခဲ့တယ်".Omega လေးက တိုးတိုးလေးပြော၏...

ယန်တစ်ယောက်စက်နှိုးကာ ကားထွက်တော့မယ့်အချိန်မှာပဲ Jihoonရဲ့ထိုင်ခုံခါးပတ် မပတ်ရသေးတာကိုတွေ့လိုက်၏... "အမြဲတမ်း ထိုင်ခုံခါးပတ်ပတ်ဖို့မေ့တယ်" သူပြောတော့ Omegaလေးက ခါးပတ်ကိုကိုင်လိုက်ပေမဲ့ ယန်ရဲ့လက်က အရင်ရောက်သွားသည်... နောက်ဆုံးတော့ တစ်ယောက်လက်ပေါ်တစ်ယောက် ထပ်မိသွားလေ၏....

သူတို့ မြန်မြန်ပြန်ဖယ်လိုက်ပြီး "အ...အမ်း ကိုယ်...ကိုယ်တောင်းပန်ပါတယ်... မင်း...မင်းရဲ့လက်ကို ကိုင်ဖို့ မ...မရည်ရွယ်ပါဘူး" ယန်လွှတ်ခနဲ ပြောထွက်သွား၏... Jihoonမှာတော့ပါးကနေ နားအထိနီရဲလာ၏... ယန် သူ့လက်ကိုကိုင်မိသွားတဲ့အချိန်မှာ ချယ်ရီသီးလေးတစ်လုံးလို နီရဲကာ ရှက်သွေးဖြာနေလေသည်...

နှစ်ယောက်လုံး အရှက်ပြေသွားပြီးနောက် ကျောင်းသွားလိုက်ကြသည်...

ပထမအချိန်မတိုင်ခင် ယန်က သန့်စင်ခန်းဝင်လိုက်၏... Jihoonရေးထားတဲ့ စာရင်းကိုတော့ ကိုယ်နဲ့မကွာအမြဲဆောင်ထားလေသည်... သူလျှို့လျှို့ဝှက်ဝှက်နှင့် စာရွက်ကိုထုတ်ကာ 'နေ့တိုင်း ကျောင်းမှ အတူတူလမ်းလျှောက်ပြန်ရန်' ဆိုတာကို အမှန်ခြစ်လိုက်ပြီးနောက် ပြုံးနေလေ၏....

Author : ဘာလို့ ခြစ်လိုက်တာလဲ.. စာရင်းထဲမှာက ကျောင်းကို အတူတူသွားတာမဟုတ်ဘူး... ကျောင်းကနေ အတူတူပြန်တာလေ....

{အတန်းပြီးရင် သူနဲ့အတူတူပြန်လို့မရဘူး.... ကျောင်းသားရေးရာကိစ္စတွေရှိသေးတာကြောင့် သူကျွန်တော့်ကိုစောင့်နေရင် အမြဲတမ်း သူ့အချိန်ပိုင်းအလုပ်ကို အလောတကြီးသွားနေရတယ်.... အဲ့တာကြောင့် မနက်တိုင်း သူ့အိမ်သွားပြီး ကျောင်းကိုအတူတူလာတော့မယ်}

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now