19. World-1.18

647 65 3
                                    

Unicode

ယန်ချက်ချင်း အမှိုက်ပုံးဆီပြေးသွားကာ သူ့လက်ထဲကဟာကို လွှတ်ပစ်လိုက်၏... အကုန်လုံး သူ့လက်ထဲလွတ်ထွက်သွားသလို ဒေါသထွက်နေသည်... သူအံကြိတ်ရင်း ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ အလေးအနက် တွေးတောနေ၏... မင်ယော့ ဆိုတဲ့ကောင်ကို အရှင်လတ်လတ်မြေမြှုပ်ပစ်မယ်... ဒီကောင်က သူ့ဒေါသကို လာလာစွနေတယ်...

Author : မင်းသူ့ကို ထိုးပစ်ချင်နေတယ်မလား...

{ကျိန်းသေပဲပေါ့ သူ့မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးပစ်ချင်တာ}

Author : အရင်ဆုံး မင်းPheromonesတွေကို သိမ်းဖို့ သင်ယူလိုက်အုံး အရူးကောင်ရဲ့... မဟုတ်ရင် ဘေးခန်းက Omegaတွေအကုန်လုံး မင်းရဲ့ မောင်းမဆောင်ထဲ ရောက်လာလိမ့်မယ်...

{ဘယ်သူက မောင်းမဆောင်ကိုမကြိုက်မှာ... မဟုတ်.... ကျွန်တော်ပြောတာက ဒီကိစ္စဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး}

 Author : တွေ့လား... မင်းက လူယုတ်မာ! နှာဘူးကောင်!

{ကျွန်တော်နှာဘူးမဟုတ်ဘူး!}

ထို့နောက် ယန်မတ်တပ်ရပ်ကာ အကြွေစေ့တစ်စေ့ထုတ်ပြီး အအေးစက်ထဲသို့ထည့်ကာ တစ်ဘူးယူလိုက်သည်... သူနောက်ပြန်လှည့်လိုက်တဲ့ အချိန်မှာတော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏...

"ယိုး... စိတ်ကောက်နေတဲ့လူကြီးရေ" ထိုလူကပြုံးကာ ယန်မျက်နှာရှေ့ကို လက်ဝှေ့ယမ်းလိုက်၏...

ထိုအပြုံးကနေ ယန် မကောင်းတဲ့အငွေ့အသက်ရလိုက်သည်.. "မင်း!" သူအံကြိတ်လိုက်၏...

Author : ဂုဏ်သိက္ခာထိန်းနော် မှတ်မိလား...

ထို့နောက် ယန်က လည်ချောင်းတစ်ချက်ရှင်းကာ "ငါပြောတာက မင်းဒီမှာဘာ လုပ် နေ တာ လဲလို့" မေးရင်း ဘူးကို ဖွင့်ကာ‌ သောက်လိုက်သည်...

မင်ယော့လည်း မျက်လုံးတွေကျယ်သွားပြီး "ငါ့အတွက်ရော?" "ငါနို့သောက်ချင်တယ်" သူပြောကာ အကြွေစေ့ယူပြီး အအေးစက်ထဲထည့်လိုက်သည်... နို့ဘူးတွေကို ယူပြီးနောက် သူမတ်တပ်ရပ်နေကာ ယန်ကိုမေးလိုက်သည်.. "မင်းနဲ့ Jihoonနဲ့က တွဲနေတာလား" 

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now