11. World-1.10

764 80 1
                                    


Unicode

"ကျေးဇူးတင်ပါတယ်"

ထီးက မြေကြီးပေါ်သို့ ဖြည်းညင်စွာပြုတ်ကျသွားလေသည်.. "Jihoon.... မင်း အခုလေးတင်" အသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေ၏...နူးညံ့ပြီး ငြိမ်သက်တဲ့အသံလေးက သူ့ကို တစ်စက္ကန့်လောက် ရပ်တန့်သွားစေရန်လုံလောက်သည်...

Omegaလေးက သူ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူ့ရင်ခွင်ကိုမှီထားလေ၏...

"D...Daewon... ကျေး...ကျေးဇူးတင်...တင်ပါတယ်" သူ့အသံလေးက အက်ကွဲနေလေသည်...

ယန်က သူ့ပါးတွေကို လက်ဝါးနှစ်ဖက်နှင့် အသာအယာကိုင်ကာ သူ့နှုတ်ခမ်းတွေကို အနမ်းခြွေသည်.... မိုးကပိုသည်းလာ၏... အနမ်းတွေထဲက အနွေးဓာတ်က ယန်ကို အားလုံးပြောပြနေသည်... Jihoonက သူ့အပိုင်မဟုတ်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ သူ(Jihoon)တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သိစေချင်တယ်... အခုကစပြီးတော့ပေါ့...

'အချစ် levelမှာ 60% သို့ မြင့်တက်လာပါသည်'

ရက်သတ္တပတ်အနည်းငယ်လောက်ကြာတော့ Jihoonအဖေလည်း ဆေးရုံမှဆင်းလာကာ အရာအားလုံးပုံမှန်အတိုင်း လည်ပတ်နေသည်... များသောအားဖြင့် ယန်က ကျောင်းကို ပျော်ပျော်ရွှင်ရွှင်သာသွားသည်... အတန်းပြီးနောက် သူတို့နေ့လည်စာစားချိန်ဖြစ်၏...

"Daewon? ဟေး Daewon!" Sunghooက သူ့မျက်နှာကို အေးစက်နေတဲ့ sodaဘူးနှင့်ကပ်လိုက်၏....

"အေးတယ်!" ယန်က အာရုံပြန်ရလာကာ အော်လိုက်သည်... "မင်းဘာပြောလိုက်တာလဲ" ယန်မေးလိုက်၏...

"Jihoonက မင်းကို အပြင်မှာစောင့်နေတယ်... bro! ငါမင်းကိုပြောတာ ဆယ်ခါတောင်ရှိနေပြီ... ဘာတွေဖြစ်...ဟေး!"ယန်ကတံခါးဝမှာရပ်နေတဲ့ Jihoonကိုမြင်တော့ Sunghooကို လျစ်လျူရှုလိုက်၏.... သူOmegaလေးဆီ အမြန်ပြေးလေသည်..."ဒီမှာစောင့်နေတာဘယ်လောက်ကြာသွားပြီလဲ...ကိုယ်တောင်းပန်ပါတယ်" ယန်က အသက်လုရှုနေကာ တံခါးဘောင်ကိုတောင် ကိုင်ထားရ၏...

{ကျွန်တော်ဘာဖြစ်နေတာလဲ... ထိုင်တဲ့နေရာကနေ တံခါးဝလေးထိဘဲပြေးတာကို ဘာလို့ အဲ့လောက်မောနေတာလဲ}

Author : အဲ့ဒါဘယ်သူ့အမှားလဲ...ညတိုင်း နောက်ကျတဲ့အထိ မအိပ်ဘဲနဲ့ အဲ့ဒီ့ညစ်ပတ်တဲ့ အတွေးတွေ တွေးနေတာဘယ်သူလဲ...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now