20. World-1.19

741 70 3
                                    


Unicode

{ဘာ?!! Author! ဒါကိုရှင်းစမ်း!}

အချက်အလက်အသစ်ရရှိတဲ့အခါ ထိုဟာကို ထဲသို့ Magic penပို့လိုက်တာကြောင့် Systemက ယန်အား ထိုအကြောင်း အသိပေးတာဖြစ်သည်... အချက်အလက်က Magic penရဲ့ ဒေတာထဲတွင် အလိုအလျောက်ရှိနေမည်ဖြစ်၏... ယန် ခလုတ်ကို မြန်မြန်နှိပ်လိုက်သည်... သူသိချင်တဲ့ အဖြေတွေအားလုံး အထဲမှာရှိတယ်... အားလုံးကို ယန် သေချာဖတ်ကြည့်လိုက်၏...

{ဒါဆို ဒီဟာက Systemပြောတဲ့ဟာပေါ့}

Author : ဒါဆိုရင် အခြားတစ်ယောက်ကို ချစ်စေချင်ရင်ပဲဖြစ်ဖြစ် မင်းကိုချစ်စေချင်ရင်ပဲဖြစ်ဖြစ် အားလုံးမင်းသဘောအတိုင်းပဲပေါ့ မမိုက်ဘူးလား...

{ဒါဆို အားလုံးက ကျွန်တော့်ထိန်းချုပ်မှုအောက်မှာပဲပေါ့}

Author : အဲ့ဒီတော့ Jihoonနဲ့ မင်ယော့ကို မင်းဘာလုပ်မှာလဲ...

{အမ်းးး...... Jihoonကို ရချင်တယ်}

Author : မင်ယော့ကိုရော ဘာလုပ်မှာလဲ... စောစောတုန်းက သူက Omegaလေးရဲ့ချစ်သူလို့ ပြောခဲ့တယ်မလား...

{သိပ်မသေချာဘူး... Jihoonကိုမေးပြီးမှ အတည်ပြုရမယ်}

ယန်က အိပ်ရာပေါ်မှာလှိမ့်နေပြီး မျက်နှာကြတ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုပြန်ပြောနေလိုက်သည်... "ငါ့မှာ ပန်းတိုင်ရှိတယ်... စာရင်းထဲက ဘာလုပ်ဖို့ကျန်သေးလဲ... Jihoonကို အားလုံး လုပ်ပေးချင်တယ်" သူသက်ပြင်းချလိုက်၏...

ထို့နောက် ယန်ထကာ ကျောင်းလွယ်အိတ်ကို နှိုက်ပြီး စာရွက်ကို ရှာလိုက်သည်... "ဘာကျန်သေးလဲ" သူဖတ်ကြည့်လိုက်၏...

1.အတူတူ ပင်လယ်ကိုသွားလည်ချင်တယ်

5.အတူတူ ကြယ်သွားကြည့်ချင်တယ်

6.သူ့ရဲ့နွေးထွေးတဲ့လက်ကို ကိုင်ထားချင်တယ်

9.အတူတူ ပျော်ပွဲစားထွက်ချင်တယ်

10.အတူတူ အိမ်မှာ ရုပ်ရှင်ကြည့်ချင်တယ်(ကျရှုံး)

11.တစ်စုံတစ်ခု ပြောပြချင်တယ်

 {ရုပ်ရှင်ကြည့်တာက အဆင်မပြေလိုက်ဘူးဆိုတော့ အဲ့တာကို ပြန်လုပ်ရမယ်}

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now