22. World-1.21

635 52 3
                                    

Unicode

"Jihoon! ငါ့ရဲ့Jihoonလေး" မင်ယော့မှာ အသံအကျယ်ကြီးနှင့်အော်ငိုရင်း Jihoonကို တင်းတင်းကျပ်ကျပ်ဖက်ထားလေ၏...

ယန်မှာတော့ သက်ပြင်းအရှည်ကြီးချလိုက်လေသည်... သူတို့ ယာယီတဲတွေဆီပြန်ရောက်တော့ နေ့လည်ပင်ရောက်နေပြီ....  ပါမောက္ခတွေက Jihoonကို အနားယူစေကာ သူလိုတာမှန်သမျှ ကူညီပေး၏... Jihoon သူနဲ့အတူ ပြန်လာနိုင်တာကြောင့် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်...

" ဖြစ်ခဲ့တာတွေအတွက် ငါတကယ်တောင်းပန်ပါတယ်" Sunghooက သူ့ပုခုံးကိုဖက်ရင်းဆိုသည်... "အဆင်ပြေပါတယ်... ပြောရရင် ငါတို့အမှားလည်းပါတယ်.... ငါတို့နှစ်ယောက်ကို စောင့်ဖို့ မင်းတို့ကိုမပြောလိုက်ရဘူးလေ" ယန်ပြန်ပြောလိုက်၏...

မင်ယော့က တစ်ချိန်လုံး Jihoonနဲ့အတူရှိနေသည်... Jihoonက သူ့အား တခြားဂိမ်းတွေမှာ သွားဆော့ဖို့ပြောသော်လည်း မင်ယော့မှာ အလွန်ခေါင်းမာလေ၏... Jihoonက activities တွေမှာ မပါနိုင်တော့တာကြောင့် စွမ်းဆောင်ချက်အဆင့်ကို ကျောင်းမှာပဲပြန်ယူဖို့ ဆရာတွေကပြောသည်... နေ့တစ်နေ့ဟာ ချောမွေ့စွာပင်ကုန်ဆုံးသွားပြီး ထိုနေ့က သူတို့ရဲ့နောက်ဆုံးနေ့လည်းဖြစ်၏... ကျောင်းသားတွေမှာ အနားယူဖို့ ယာယီတဲကိုပြင်ဆင်နေကြသည်...လူတိုင်းမှာ မောပန်းပြီး အိပ်ငိုက်နေလေပြီ...

လူတိုင်းအိပ်နေတုန်း ယန်မှာတော့ တစ်စုံတစ်ခုကိုပြင်ဆင်ရင်း အလုပ်များနေ၏... ထို့နောက်မှာတော့ သူ့အစီအစဉ်အတွက် နေရာကောင်းတစ်ခုကို ရှာတွေ့သွားလေသည်...

************

Jihoonတစ်ယောက် အိပ်ရာပေါ်တွင် လူးလှိမ့်နေ၏... မင်ယော့က သူ့ဘေးမှာ ဟောက်နေတာကြောင့် သူကောင်းကောင်းအိပ်လို့မရချေ... ဖုန်းဖွင့်ကြည့်လိုက်တော့ ၉နာရီ ထိုးနေပြီ... သူ့ခြေချင်းဝတ်က ဒဏ်ရာမှာ ကိုက်ခဲနေဆဲပင်... ဒါပေမဲ့ အဲ့တာကြောင့် သူအိပ်လို့မရတော့မဟုတ်ပေ... ထို့နောက်မှာတော့ Jihoonထကာ တဲရဲ့ဇစ်ကိုဖွင့်လိုက်၏...

အပြင်မှာလူတစ်ယောက်ကို တွေ့လိုက်တာကြောင့် မျက်လုံးပြူးသွားကာ ချက်ချင်းပဲ ပါးစပ်ကို လက်နှင့်ပိတ်လိုက်သည်... "ကိုယ်မင်း လန့်အောင်လုပ်မိသွားလား... ကိုယ်တောင်းပန်ပါတယ်.. ဒါပေမဲ့ အခု မင်းကိုယ်နဲ့လိုက်ခဲ့လို့ရမလား... ကိုယ်မင်းကိုပြစရာရှိတယ်" စကားပြောနေတဲ့လူကတော့ ယန်ဖြစ်ပြီး Jihoonကတော့ နာခံစွာခေါင်းညှိမ့်လိုက်လေသည်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now