World-1.24: Memories(Final)

1.5K 80 8
                                    


Unicode

"နမ်ဂျွန်း! မြန်မြန်လုပ်"

နမ်ဂျွန်းမှာ ယန့်အတွက် ကားတံခါးကိုအမြန်ဖွင့်ပေးလိုက်သည်... "မင်းမြန်မြန်မောင်းနိုင်သေးလား... တတ်နိုင်သလောက်အဲ့ဒီကိုမြန်မြန်ရောက်ဖို့လိုတယ်"

"ရပါတယ် သခင်လေး!"

"နမ်ဂျွန်း" ယန် သူ့ကိုခေါ်လိုက်၏... "ရဲခေါ်လိုက်... ပြီးတော့ သူတို့ကိုမြန်မြန်သွားဖို့ပြော"

နမ်ဂျွန်း ရဲစခန်းသို့အလျင်အမြန်ဖုန်းခေါ်လိုက်သည်...

ယန်မှာ ရင်ဘတ်ထဲကအောင့်လာတာကြောင့် ညည်းလိုက်လေ၏... သူသည်းခံထားဖို့လိုတယ် မဟုတ်ရင် Missionမပြီးဘဲဖြစ်နေလိမ့်မယ်...

{လုံးဝအရှုံးမပေးလိုက်နဲ့...!}

Author : မင်းအပေါ်မှာပဲ မူတည်တယ်... မင်းသည်းခံထားနိုင်ရင် Missionအောင်မြင်လိမ့်မယ်.. 

{ဘာပဲဖြစ်ဖြစ် ကျွန်တော်သူ့ကိုကယ်မှာ.}

******************

ကိုယ့်ကို အကြွေးဆပ်ဖို့ အဆင်သင့်ဖြစ်ပြီလား.... Jihoon... ဟမ်?

Jihoonမှာ သူ့ရဲ့အထိအတွေ့တွေကို ရုန်းကန်နေသည်.... ထို့နောက် သူကြမ်းပြင်ပေါ်လဲကျသွားကာ ဘာမှမမြင်နိုင်တော့ပေ... သူ့အမြင်အာရုံကို အမှောင်ထုက ဖုံးကွယ်ထားသည်... အခုချိန်မှာ လူတစ်ယောက်ကိုသာ သူတွေ့ချင်နေ၏... ရင်ဘတ်မှာမှာတင်းကျပ်လာပြီး တစ်ယောက်ယောက်က ဆွဲညှစ်နေသလို ခံစားနေရကာ မွန်းကျပ်လာလေသည်... "' သူအသံထွက်လာ၏...

ဟန်ကျယ်က သူ့လက်မောင်ကနေ ဆွဲကိုင်ကာ သူအားမတ်တပ်ရပ်စေတာကြောင့် သူညည်းမိသွားသည်... "မင်းအခုကြောက်ပြီလား... Jihoon?"

"ကျွန်...ကျွန်တော်... ခင်ဗျားကို မ..မကြောက်ဘူး! ကျွန်တော့်ကိုလွှတ်! အာ့!" ဟန်ကျယ်က သူ့ပါးကို ဆွဲညှစ်လိုက်၏... "အကြွေးဆပ်နေတဲ့အနေနဲ့ မင်းကိုယ်မင်းပေးရတော့မှာဟာကို ကိုယ့်ရှေ့မှာ Daewonဆိုတဲ့ကောင်ကို ခေါ်နေရဲသေးတာလား!" သူ Jihoonအား အိပ်ရာပေါ်တွန်းချလိုက်ပြီး ဒီတစ်ကြိမ်မှာတော့ အပေါ်ကနေ သူအုပ်မိုးထားလိုက်လေသည်...

သူ Omegaလေးရဲ့ လည်ပင်းနားကို အနံ့ခံလိုက်၏... "မင်းရနံ့လေးက အရမ်းကောင်းတယ်.... Pheromonesက ချိုမြိန်နေတာပဲ"ဟန်ကျယ် အင်္ကျီကိုဆုတ်ဖြဲပစ်လိုက်တော့ ဖြူဖျော့ပြီး သွယ်လျနေတဲ့ကိုယ်လေးက ပေါ်ထွက်လာလေသည်...

You've reached the end of published parts.

⏰ Last updated: Mar 08, 2023 ⏰

Add this story to your Library to get notified about new parts!

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now