13. World-1.12

756 71 0
                                    

Unicode

ယန်က ဆေးရုံပိုးသတ်ဆေးနံ့ကြောင့်နိုးလာပြီး ထိုအနံ့က သူ့နှာခေါင်းထဲသို့တိုးဝင်လာ၏... အခန်းထဲတွင် သူ့အသက်ရှူသံမှလွဲပြီး တိတ်ဆိတ်နေသည်... သူဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်‌တော့ သူ့ရှေ့ကအရာအားလုံးမှုန်ဝါးနေတာကြောင့် မျက်လုံးမှေးကာကြည့်လိုက်၏... သူလှည့်ပတ်ကြည့်လိုက်တော့ အဖြူရောင်နဲ့အပြာရောင်ရောထားပြီး ဘယ်သူမှရှိမနေတဲ့ ဆေးရုံခန်းကို မြင်လိုက်ရလေသည်... 

"ငါဒီမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ" ယန်မျက်လုံးမှိတ်ကာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားနေ၏... ထို့နောက်တွင်တော့ မှတ်ဉာဏ်တွေအားလုံးက သူ့အတွေးတွေထဲမှာ နေရာယူသွားလေတော့သည်...

{author?ခင်ဗျားရှိလား? အခု ကျွန်တော့်အခြေအနေက ဘယ်လိုလဲ}

Author : မင်းဒီကိုရောက်နေတာ ၃ရက်ကြာသွားပြီ... အအေးစက်ရှေ့မှာ မင်းမေ့လဲသွားတော့ Jihoonက ဆေးရုံကားခေါ်လိုက်တာ...

{ဒါဆို ဘယ်မှာလဲ}

Author : သူအိမ်ပြန်သွားပြီပေါ့! အခုမှနေထွက်လာတုန်း မနက်ပဲရှိသေးတယ် အရူးကောင်ရဲ့!

{ခင်ဗျား ကျွန်တော့်ကို တကယ်ဂရုမစိုက်တာပဲ ဟန့်! ၃ရက်လောက်မေ့လဲပြီးမှ နိုးလာတာကို 'အရူးကောင်'လို့ခေါ်လိုက်သေးတယ်}

တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဝင်လာ၏... ယန်တစ်ယောက် ချက်ချင်းပဲ သူမကိုမှတ်မိလိုက်သည်... သူမနာမည်က ရယ်ဘင်း... သူ့အိမ်က အိမ်အကူတစ်ယောက်ဖြစ်သည်... "သခင်လေး... ကျွန်မ သခင်လေးအတွက် အဝတ်အစားတွေနဲ့ သခင်လေးကြိုက်လောက်မယ့် အသီးတွေဝယ်လာတယ်" အမျိုးသမီးကြီးက သူမယူလာတဲ့ခြင်းကို အိပ်ရာဘေးက စားပွဲပေါ်တင်လိုက်၏... "ကျေးဇူးပါပဲ... မစ်(စ်) ရယ်ဘင်း" ယန်က ယဉ်ကျေးစွာပြောလိုက်သည်...

သူမ ထွက်သွားတော့ ယန်က အခန်းထဲကို ပတ်ကြည့်နေလိုက်သည်... သူက သီးသန်းခန်းမှာပင်... အခန်းကို စိတ်အေးချမ်းစေတဲ့ အရောင်တွေနဲ့ မွမ်းမံထားပြီး ကြွေပြားခင်းထား၏... ပြတင်းပေါက်ကနေလည်း လှပတဲ့ရှုခင်းကို မြင်ရသည်... ယန်က စားပွဲပေါ်တင်ထားတဲ့ အဝတ်တွေကိုယူကာ ရေချိုးဖို့လုပ်လိုက်တယ်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now