8. World-1.7

837 80 0
                                    


Unicode

ဒီနေ့က စနေနေ့ဖြစ်ပြီး ပုံမှန်နေ့တွေလိုပဲ ယန်နိုးလာသည်... နေရောင်ခြည်က ပြတင်းပေါက်ကနေဖြတ်ပြီး သူ့မျက်နှာကိုလာထိုးနေတာကြောင့် သူမျက်လုံးဖွင့်လိုက်၏...

Author : ထတော့..အပျင်းကောင်! အလုပ်သွားရမယ်...

ယန်လှဲနေရာမှ ထထိုင်လိုက်ကာ "ဘာရယ်! အလုပ်?" သူမျက်လုံးပြူးသွားပြီး မေးလိုက်သည်...

Author : Daewonက အချိန်ပိုင်း Modelလုပ်တယ်... များသောအားဖြင့် scheduleတွေက weekendsတွေမှာ..

{အချိန်ပိုင်းဆိုတော့ မဆိုးပါဘူး}

ယန်က မနက်စာစားပြီးနောက် authorပြောတဲ့ကုမ္ပဏီကိုသွားလိုက်တော့ ဝန်ထမ်းတစ်ယောက်က သူ့ကိုစောင့်နေ၏... သူအိပ်ချင်နေသေးပေမဲ့ ရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတော့ နည်းနည်းအားရှိသွားသည်... အနည်းဆုံးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး...

"‌ငါမင်းကိုစောင့်နေတာကြာပြီ"Sunghooက သူ့နောက်ကျောကို ဖြန်းခနဲရိုက်ကာ ဆို၏...

"sorryကွာ ငါအိပ်ပျော်သွားလို့" ယန်ပြန်ဖြေလိုက်သည်...

{author...Sunghooက ဘာလို့ဒီရောက်နေတာလဲ သူလည်း Modelလား}

Author : သေချာတာပေါ့... မင်းတို့နှစ်ယောက်က လုပ်ငန်းပါတနာတွေဆိုတာ မေ့သွားပြီလား

{Oh! sorry... ကျွန်တော်မေ့သွားလို့!}

Author : အဲ့ဒါ မင်းခေါင်းထဲမှာJihoonအကြောင့်ပဲ တွေးနေလို့လေ... အရူးကောင်ရဲ့!

{....}

photo shootingက အဆင်ပြေပြေပဲပြီးသွားသည်... အဲ့ဒါက အဝတ်အစားmagazingတစ်ခုအတွက်ဖြစ်၏... studioထဲမှာ ယန်တစ်ယောက်သာကျန်ခဲ့သည်... သူအရမ်းအိပ်ချင်တာကြောင့် ငိုက်နေလေ၏...

{ဟေ့လူ... ကျွန်တော်အရမ်းအိပ်ချင်နေပြီ... တစ်နေကုန် လှဲနေလိုက်ချင်တာ}

Author : တစ်နေကုန်အိပ်နေမယ့်အစား mission အတွက်တစ်ခုခုလုပ်ပါလား...

ယန်တစ်ယောက် ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲနေနေရာမှ ထခုန်မတတ်ဖြစ်သွားပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုချိတ်ဆွဲထားလေ၏... "အကြံကောင်းပဲ! ကျွန်တော်Jihoonကို အပြင်သွားဖိုချိန်းလိုက်မယ်!" ယန်မှာ ပြုံးဖြဲဖြဲလုပ်နေပြီး ထအော်မတတ်ဖြစ်နေလေသည်....

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now