18. World-1.17

665 65 2
                                    


Unicode

"ကိုယ်ရှင်းပြမယ်"

ရှက်ရွံ့မှုက နှစ်ယောက်ကြားဝင်လာ၏... နှစ်ယောက်လုံး မျက်နှာတွေရော နားတွေပါပူလောင်လာသည်... အေးစက်နေတဲ့ ညအချိန်ဖြစ်ပေမဲ့ နှစ်ယောက်ကြားက လေထုမှာတော့ နွေးထွေးနေလေသည်... ထိုအချိန်မှာ ယန်က ဘာမှမတွေးတောနိုင်တော့ချေ... နှစ်ယောက်သား ရင်တွေအဆက်မပြတ်ခုန်နေတာ တစ်ယောက်ကိုတစ်ယောက် အကြည့်မလွှဲနိုင်ဖြစ်နေကြလေသည်...

"D-Daewon" Jihoonက အသံတိုးတိုးလေးနှင့် ခေါ်လိုက်၏...

ယန်က သူ့နာမည်အား  နောက်တစ်ကြိမ်ခေါ်သံကိုကြားလိုက်သည်... လူတိုင်း သူ့နာမည်ကိုခေါ်ကြပေမဲ့  Jihoonနှုတ်က သူ့နာမည်ထွက်လာချိန်မှာတော့ ကွဲပြားသွားလေသည်... ယန်မှာ တစ်ကိုယ်လုံးလျှပ်စီးနေသကဲ့သို့ အထိအတွေ့တွေက ပူလောင်လာလေ၏...

သူ့လက်က အလိုအလျောက် Omegaလေးရဲ့လက်ကိုချုပ်ကိုင်ကာ ခေါင်းအပေါ်တွင် မြှောက်ထားလိုက်၏... "ဟင့်!"  Jihoonက လက်သီးကိုတင်းတင်းဆုပ်ကာ မျက်လုံးတွေကို တင်းတင်းကျပ်ကျပ်မှိတ်ထားလေသည်... သူ့လက်ကိုချူပ်ထားတာက အလွန်တင်းကျပ်လာပြီး ယန်က သူ့လက်ကောက်ဝတ်ကို ချိုးတော့မလိုပင်... ယန်က တိတ်ဆိတ်နေ၏... သူရဲ့ လွှမ်းမိုးတဲ့အရှိန်အဝါတွေကလည်း Omegaလေးကို ဖိနှိပ်ထားသည်... "လွှတ်...လွှတ်ပေး...အင့်... နာ...နာတယ်"  Jihoonက နောက်တစ်ကြိမ်ပြောလိုက်၏...

ယန်အသိပြန်ဝင်လာချိန်မှာတော့ ထိတ်လန့်သွား၏... သူ့ကိုယ်သူ အိပ်ရာအစွန်းကိုတိုးသွားပြီး  Jihoonနားကနေ ခွာလိုက်သည်... " Jihoon... ကိုယ်တောင်းပန်ပါတယ်" ယန်က သူ့ရဲတုန်ယင်နေတဲ့လက်တွေကိုကြည့်လျက် ညှိုးငယ်စွာပြောလိုက်၏.... သူမိန်းမောတွေဝေနေလျက်ပင် မတ်တပ်ရပ်လိုက်သည်... သူ့ရဲ့လွှမ်းမိုးနိုင်တဲ့တစ်ဖက်ခြမ်းက အသိစိတ်ပျောက်သွားမယ်လို့ မထင်ထားခဲ့ပေ...

{ဒီAlphaဆိုတဲ့ဟာက တော်တော်ဒုက္ခပေးတာပဲ}

Omegaလေးက သူ့ကိုယ်သူ စောင်ထဲမှာကွေးနေလျက် ပြတင်းပေါက်ကို ငေးကြည့်နေလေသည်... " Jihoon...ကိုယ်...ကိုယ်ပန်ပါတယ်... မရည်ရွယ်...." ယန်က စကားဆုံးအောင်မပြောတော့ဘဲ "ကိုယ်ပြန်တော့မယ်" သူပြောလိုက်၏... ထို့နောက်မှာတော့ ယန်က Omegaလေးရဲ့မြင်ကွင်းကနေ လုံးဝပျောက်သွားလေသည်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now