12. World-1.11

716 77 0
                                    


Unicode

ယန် သန့်စင်ခန်းကပြန်လာတော့ Jihoonက စားသောက်လို့ပြီးသွားပြီမလို့ သူတို့အိမ်ပြန်လာကြသည်....

"Jihoon...goodnight ... ကိုယ်သွားတော့မယ်" ယန်က ကောင်လေးရဲ့နှဖူးကိုနမ်းက ကားဆီပြန်သွားလိုက်၏...

Jihoon သူ့ကို ဒီမှာနေဖို့ အနှောက်အယှက်မပေးတော့ပေ... ယန်က သူဘာဖြစ်နေလဲဆိုတာ သူ့ကိုမပြောပြပေမဲ့ ယန်အဆင်မပြေနေဘူးဆိုတာ သူသိသည်... ယန်က သူ့ခန္ဓာကိုယ်နာကျင်နေတာ သူသတိမထားမိအောင် အတင်းလုပ်ပြုံးပြသွား၏... ယန်ရဲ့ကား သူ့မြင်ကွင်းကပျောက်သွားတဲ့အထိ Jihoonတစ်ယောက် အပြင်မှာရပ်နေဆဲပင်...

ယန်က သူ့အခန်းရောက်အောင် မနည်းသွားလိုက်ရ၏... သူ မီတာ၅၀လောက်ပြေးလာသလို မောနေသည်... ယန် အိပ်ရာပေါ်မှာလှဲချလိုက်ပြီး မျက်နှာကြတ်ကို ငေးကြည့်နေလေ၏....

"ဒီနေ့ဘာလို့ အဲ့လောက်မောနေတာလဲ... ကျွန်တော့်ခန္ဓာကိုယ်ဘာဖြစ်တာလဲ" ယန် စိတ်အနှောက်အယှက်ဖြစ်နေတဲ့ အသံနဲ့ပြောလိုက်ပြီး သူ့ရင်ဘတ်ကိုဖိကာ နှလုံးခုန်နှုန်းကို စစ်ဆေးလိုက်၏...

{ဒီည ကျွန်တော်သေတော့မှာလား}

Author : systemထက် ပိုသိရအုန်းမလား... အချစ်levelက 60%ပဲရှိသေးတယ်...

{ခင်ဗျား အချစ်Levelကို တကယ်ကြီး ကျွန်တော့်ထက်ပိုဂရုစိုက်တယ်ပေါ့}

Author : ငါပြောချင်တာက မင်းတကယ်မသေပါဘူး.... အဲ့ဒါက missionရဲ့တစ်စိတ်တစ်ပိုင်းပဲ အဲ့ဒါကြောင့် မစိုးရိမ်နဲ့....

ယန်မှာ ညည်းညူးလိုက်ပြီး သူ့လည်ပင်းမှာဆွဲထားတဲ့ magic penကိုထိကာ ခလုတ်ကိုနှိပ်လိုက်တော့ သုံးဖက်မြင်ပုံရိပ်တစ်ခုက ပေါ်လာ၏...

'အချက်အလက်အသစ် လက်ခံရရှိပါသည်'

'နှလုံးသွေးကြောကျဉ်းရောဂါ... ထိုရောဂါသည် နှလုံးသို့ ပို့ပေးသောသွေးကြောများ ကျဉ်းလာသောအခါတွင် ဖြစ်ပေါ်သည်.... ရင်ဘတ်နာကျင်ခြင်း မောပန်းခြင်း နှလုံးခုန်နှုန်းမမှန်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်'

Daewonက ဒီရောဂါကို သူ့အဘွားဆီမှ မျိုးရိုးလိုက်တာဖြစ်သည်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now