World-1.23

698 61 5
                                    

Unicode

တူညီတဲ့အခန်း တူညီတဲ့အနံ့အသက် တူညီတဲ့မျက်နှာကျတ်ပင်... သူ့နှာခေါင်းထဲကိုဝင်လာတဲ့ စူးရှရှပိုးသတ်ဆေးနဲ့ဟာ သူ့အတွက်တော့ အသစ်အဆန်းမဟုတ်ပေ... သူ့လက်မောင်းကိုမဖို့ကြိုးစားပေမဲ့ သူခန္ဓာကိုယ်ရှိအကြောတွေဟာ သူစိတ်စေရာအတိုင်းမလိုက်တောချေ.. သူအရမ်းပင်ပန်းနေသလို ခံစားနေရပြီး မျက်တောင်တွေဟာလည်း လေးလံနေလေ၏...

{ဟေး! Author... ခင်ဗျားရှိလား... လက်ရှိကျွန်တော့်အခြေအနေက ဘယ်လိုလဲ}

Author : မင်းအခုဆေးရုံမှာ... နောက်တစ်နာရီနေရင် ခွဲစိတ်ခန်းဝင်ရတော့မယ်...

{တကယ်ပဲအဆုံးသတ်သွားပြီလား... ကျွန်တော်လုပ်စရာတွေကျန်သေးတယ်... Jihoonကို ဟိုခွေးကောင် Sunghoo လက်ထဲကနေ ကယ်ရအုံးမယ်}

Author : ဒါဆို အစတည်းက မင်းခွန်အားတွေကို ဘာလို့ မထိန်းသိမ်းထားတာလဲ...

{ဒီခန္ဓာကိုယ်က အခုချိန်မှာ အရမ်းအားနည်းနေတယ်}

ယန်အခန်းထဲကိုကြည့်လိုက်တော့ ဘယ်သူမှမရှိပေ... ဘာဆိုဘာမှမရှိဘဲ သူ့ခုတင်ဘေးရှိ စက်ပစ္စည်းတွေကလာတဲ့ အသံကိုသာ ကြားနိုင်လေသည်...

{Jihoonဘယ်မှာလဲ}

Author : သူမင်းကို ဒီထိခေါ်လာပြီးတော့ ဆရာဝန်က သူ့ကို အိမ်ပြန်ဖို့ပြောလိုက်တယ်... မင်းက Family private roomထဲမှာလေ... ဆရာဝန်က သူ့ကိုမဝင်ခိုင်းဘူး.....

{ဒါပေမဲ့ ကျွန်တော်သူ့ကိုတွေ့ချင်တယ်လေ... ဖုန်းခေါ်လို့ရလား}

ထိုအချိန်မှာတံခါးပွင့်လာပြီး ခွဲစိတ်ခန်းဝတ်စုံအပြည့်ဝတ်ထားတဲ့ Dr.ဝမ်ဝင်လာလေ၏... သူယန့်ဆီလျှောက်လာပြီး စက်မှာပြထားတဲ့ ယန်ရဲ့ သွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးလိုက်သည်..

" ဘယ်လိုနေသေးလဲ" Dr.ဝမ်မေးလိုက်၏..

"အဆင်ပြေပါတယ်.... ကျွန်တော်..."

Dr.ဝမ်က သူ့စကားကိုဖြတ်ပြောလိုက်၏.... "ဆရာ မင်းကိုအိမ်မှာပဲ နားနေဖို့မမှာထားဘူးလား... ဒါကို ချစ်သူနဲ့တောင် အပြင်ထွက်လည်လိုက်သေးတယ်... တော်တော်ခေါင်းမာတာပဲ... Mr.Daewon"

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now