အစပျိုးခြင်း

5.8K 257 13
                                    

"ကတိ" ဆိုတဲ့စကားလုံးလေးက နှစ်လုံးထဲပါ။
ဒါပေမယ့် အဲဒီစကားလေးရဲ့နောက်ကွယ်မှာတော့ သူ့အချစ်တွေ သစ္စာစောင့်သိမှုတွေ အနှစ်နှစ်အလလ စောင့်မျှော်ခဲ့ရတဲ့ ချစ်ခြင်းတရားတွေကို အချစ်ဦး ဆိုသူက လွယ်လွယ်လေးပေးခဲ့တဲ့ "ကတိ" စကားလေးကိုရိုက်ချိုးပြစ်ခဲ့တယ်။

သူ့အချစ်ဦးက လူညာကြီး ။သူ့ကိုညာသွားတယ်။
သူ့ကို ကတိ တွေ အထပ်ထပ်ပေးပြီး နောက်ဆုံးတော့ ထိုကတ်ိ ကိုဘဲ လွယ်လွယ်နဲ့ မေ့ပစ်ခဲ့တယ်။

ဒါဆိုဘာလို့ ကတိ တွေပေးခဲ့သေးလဲ။သူက ကစားစရာအရုပ်ကလေးလား ။သူက သက်ရှိလူသားတစ်ယောက်ဖြစ်ပြီး ခံစားတက်တဲ့နှလုံးသားနဲ့ လူတစ်ယောက်ပါ။မှတ်ဉာဏ်ထဲစွဲမြဲစွာမှတ်ထားတက်ပြီးအစွဲလမ်းကြီးတက်တဲ့ကလေး အရွယ်လေးကို ပြီးစလွယ်လေး ကတိ တွေပေးခဲ့တယ်။လူကြီးတွေက ကတိ မတည်ကြဘူး။
ဒါကြောင့် မတည်နိုင်ဘဲနဲ့ စိတ်သက်သာရင်ပြီးရောဆိုပြီး အလွယ်လေး ကတိတွေ မပေးပါနဲ့။
ရင်ထဲက ဒဏ်ရာတွေအတွက် ကုစားဖို့ဆေးမရှိလို့ပါ။သူက အစွဲလမ်းကြီးပြီး အမှတ်သည်းခြေရှိတဲ့လူတယောက်လည်းဖြစ်တယ်။

_______________________

၁၉၉၉ ခုနှစ် အောက်တိုဘာလ

ရွန်းဝေနေတဲ့နေမင်းကြီးက နံနက်ခင်းအာရုံတက်ချိန်မှာပင် ထွန်းလင်းလာခဲ့သည်။ကျေးငှက်သံတွေကလည်းတဆာဆာအော်မြည်နေသည်။အဝါရောင်ခန်းဆီးလိုက်ကာလေးကနေတဆင့် အဝါရောင်ကုတင်လေးပေါ်မှာမှေးစက်အနားယူနေတဲ့ ချစ်စရာကလေးလေးထံသို နေရောင်လေးက တိုးဝင်လာခဲ့သည်။ဖောင်းပြည့်ပြည့်ပါးနှစ်ဖက်ပေါ်သို့ ထိုနေရောင်လေးကျရောက်သွားတော့ ကလေးငယ်က အိပ်ယာထက်ကနေ လွန့်လူးစွာနိုးလာခဲ့သည်။
အချိန်ကား နံနက်၆နာရီ။ဒါက‌ေတာ့ ကလေးငယ်လေးအတွက် ပုံမှန် အိပ်ယာနိုးချိန်ပါဘဲ။ဘယ်လောက်ဘဲ အိပ်ရေးမဝဖြစ်နေပါစေ နံနက်ခင်းကို အစောကြီးနိုးနေတက်သည်။တခါတလေ မိဘနှစ်ပါးထက်ပင် စောနေသေးသည်။

လုံးကစ်ကစ် ခန္ဓာကိုယ်လေးနဲ့ ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်။အသက်၄နှစ်အရွယ်မှာ ကလေးငယ်လေးက ကိုယ့်အားကိုယ်ကိုးတက်ခဲ့ပြီ။တကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတဲ့နောက်မှာတော့ နံနက်စာ မစားခင် ကိုယ်ပိုင် စားပွဲပုလေးထက်မှာ ရုပ်ပုံလေးတွေရေးခြစ်နေသည်။ရုပ်လုံးမပေါ်ဘဲ စိတ်ကူးတည့်ရာကို ရေးခြစ်နေတာကြောင့် ဘယ်သူကမှ ထိုပုံတွေကို နားမလည်ခဲ့ပါ။ဒါပေမယ့် ယနေ့မှာတော့ ကလေးငယ်က ထူးခြားစွာနဲ့ ရုပ်ပုံလေး သုံးပုံကို ရေးဆွဲနေသည်။လူပုံလို့ထင်ရတဲ့ အရုပ်ကလေးတွေကို လက်သေးသေးလေးတွေနဲ့ စိတ်ပါလက်ပါ ရေးဆွဲနေခဲ့သည်။

ကတိ(Completed)Where stories live. Discover now