အပိုင်းတစ်ဆယ့်သုံး

1.5K 139 60
                                    

အမြင့်ကိုတွန်းပို့တာက သား၊သမီးကိုချစ်လို့ပါဆိုတဲ့ မိဘမေတ္တာကိုသူ(မ)နားလည်ပါတယ်။သူများထက်သာအောင်,သူများထက်တော်အောင် အကောင်းဆုံးတွေကိုဘဲ ဖန်တီးပေးတဲ့ ဖေဖေရဲ့စေတနာကိုလည်းသူ(မ)အပြည့်ဝခံစားရတယ်။ဒါပေမယ့် သူ(မ)ရဲ့သဘောထားကိုတော့ ဖေဖေက တခါလေးမှမမေးခဲ့ဘူး။ကြိုက်လားလို့မမေးဘဲ ကြိုက်ရမယ်ဆိုတဲ့အတွေးကို ဖေဖေကလက်ကိုင်ထားတာ။

‌အကိုနဲ့‌သူ(မ)ရဲ့မင်္ဂလာကိစ္စက အဆုံးသတ်သွားပြီ။သူ(မ)ဘက်ကစပြီးငြင်းလိုက်လို့ ဖေဖေကတော့ဒေါသထွက်နေတာပေါ့။သူ(မ)ကိုလည်း သုံးစားလို့မရတဲ့သမီးဆိုပြီး အပြစ်တင်တယ်လေ။ဖခင်ကလမ်းကြောင်းပေးတာတောင် ဆုံးအောင်မလျှောက်နိုင်ဘူးလားတဲ့။

ဟင့်အင်း..!။သူ(မ)မလျှောက်နိုင်ဘူး။ခေါင်းမာပြီးတဇွတ်ထိုးလည်းမလုပ်ချင်ဘူးလေ။သူ(မ)ကြောင့်နဲ့တော့ ဂျီမင် နဲ့အကိုဂျောင်ဂုကို မဝေးစေချင်ဘူး။သူ(မ)စိတ်ရင်းအမှန်နဲ့ပြောတာပါ။

ထိုနေ့ကဂျီမင်‌ေပြးထွက်သွားတော့ သူ(မ)လိုက်သွားပြီးရှင်းပြချင်ခဲ့တာ။ဂျီမင် ရင်ထဲမှာဘယ်သူရှိနေလဲဆိုတာ သူ(မ)သိနေတော့ အကိုဂျောင်ဂုကိုဘာလို့ဆွဲထားမှာလဲ။အကိုကလည်းသူ(မ)ကို မိတ်ဆွေတယောက်ပြင် မပိုခဲ့ဘူးလေ။

သို့ပေမယ့် သူ(မ)စကားကိုဆုံးခန်းတိုင်အောင် မကြားသွားတဲ့ဂျီမင်ကတော့ ဒီနေ့ထိအတွေ့မခံတော့ပေ။ဆိုင်ကိုလည်းရက်အကန့်သတ်မရှိပိတ်ထားပြီး အိမ်လိုက်သွားတော့လည်း အခန်းပိတ်ပြီးနေနေတယ်တဲ့။သူ(မ)မှမဟုတ်ဘူး ။အကိုဂျောင်ဂုကိုလည်း ထိုနည်း၎င်းဘ‌ဲတဲ့။

*ဂရေ့စ်..!*

* .....*

*အဆင်ပြေရဲ့လား....*

သက်ပြင်းမောချနေတဲ့ ဂရေ့စ်ရဲ့ကျောပြင်ကဝမ်းနည်းစရာကောင်းလှသည်။အရောင်တောက်တောက်တွေဘဲဝတ်လေ့ရှိတဲ့ သူ(မ)ကဒီနေ့မှာတော့ အညိုရောင်ဒူး‌ေပါ်ဂါဝန်ကိုဝတ်ဆင်ထားသည်။

ထိုင်းမှိုင်းနေတယ်ဆိုတဲ့သဘောပေါ့။အဲလက် အသံကြားတော့ သူ(မ)ကဆက်ခနဲလှည့်ကြည့်လာတယ်။အရည်လဲ့နေတဲ့ မျက်ဝန်းတွေကို မြင်တော့ အဲလက်အပြေးသွားလိုက်ပြီး ထွေးပွေ့ထားလိုက်တယ်။

ကတိ(Completed)Where stories live. Discover now