အပိုင်းလေး

1.6K 156 10
                                    

ရောင်နီထွန်းလာတဲ့နံနက်ခင်းနေမင်းကြီးက နွေးထွေးနေတယ်။ကျေးငှက်လေးတွေကလည်း ကောင်းကင်ယံတခွင်မှာ လွတ်လပ်စွာပျံသန်းနေကြတယ်။ကြည်လင်ပြာရီနေတဲ့ ကောင်းကင်ကို တချက်မော့ကြည့်လိုက်ပြီး ဂျီမင် နှစ်ခြိုက်စွာပြုံးလိုက်သည်

လက်ဆတ်တဲ့သဘာဝလေနုအေးကိုလည်း တစ်ဝကြီးရှုရှုက်လိုက်သေးသည်။ ဒီလိုနံနက်ခင်းမျိုး သူ သိပ်သဘောကျတာဘဲ ...

*သားငယ်လေး..အဆင်သင့်ဖြစ်ရင်သွားကြမယ် နော်..*

*ဟုတ်ကဲ့ ဖေကြီး...*

ဒီနေ့က မြို့တော်ဝန်ရွေးပွဲလေ။ဒါကြောင့် အလုပ်သမားတွေကလည်း နံနက်မိုးမလင်းခင်ကတည်းက တယောက်တပေါက်နဲ့ ဆူညံနေကြတာ။မဲ အရေတွက်နေရွေးတာဖြစ်လို့ ကိုကို့ကို နိုင်စေချင်တဲ့ သူတွေက ညကတည်းအိပ်မပျော်ဘဲဖြစ်နေတယ်တဲ့လေ ..

ဖေကြီးက မြို့စားမင်းဖြစ်နေတာနဲ့တင် အဆင်ပြေနေပြီကို။ဘာလို့ စိတ်ပူနေကြလဲမသိဘူး။နောက်ပြီး အခုအနားယူတော့မယ့် မြို့တော်ဝန်ကလဲ ကိုကို့ကို သေချာပေါက်နိုင်အောင်လုပ်ပေးမယ်ဆိုတာ သူသိသည်

ဂျီမင် အတွေးကရိုးရှင်းတယ်။လူတွေကို အကောင်းမြင်စိတ်နဲ့ဘဲကြည့်တယ်။စေတနာထားပြီး စိတ်ရင်းအမှန်နဲ့ဆက်ဆံတယ်။ဒါပေမယ့် လှည့်ကွက်များတဲ့ လောကမာယာကြားထဲမှာ ဂျီမင် တို့လိုနူးညံ့တဲ့စိတ်ထားပိုင်ရှင်တွေအတွက် သိပ်ပြီးနေရာမရှိဘူး။

သူ့ထက်ငါအပြိုင်ကြိုးစားပြီး သူများထက်ခြေတလှမ်းသာနေမှ တော်ကာကြမှာ။ဒါတွေကို ဂျီမင် မကြာခင်သိလာတော့မှာပါ...

*ကိုကိုက ချောလိုက်တာ...*

*ဟုတ်လား...*

ကိုကို နဲ့အတူလိုက်ပြီးဂျီမင် လည်းပန်းချီဆရာ မိုရ် ဆီသွားရမှာဖြစ်လို့ ပိုပြီးတက်ကြွနေသည်။မြို့ထဲမသွားရတာဘယ်လောက်ကြာပြီလဲ။ဘာတွေပြောင်းလဲလို့ ဘယ်လိုတွေစည်ကားနေသလဲဆိုတာ ဂျီမင် မှတ်တောင်မမှတ်မိတော့ဘူး။ထိုမျှလောက်ထိ သူအပြင်ကိုမထွက်မှန်းသိသာတယ်။

အိမ်ရှေ့မှာ အသင့်ရပ်ထားတဲ့ဂျစ်ကားစိမ်းလေးပေါ်ကိုမတက်ခင် ကိုကို့ကို ရပ်စောင့်နေလိုက်သည် ။ဖေကြီးကတော့ ကားခေါင်းပိုင်းမှာဝင်ထိုင်နေသည်။သူငယ်ငယ်တုန်းက ဒီကားလေးနဲ့ဘဲ ဖေကြီးလာခေါ်တာလေ။အခုထိလည်း စီးနေတုန်းဘဲ...

ကတိ(Completed)Where stories live. Discover now