အပိုင်းတစ်ဆယ့်တစ်

1.4K 125 28
                                    

*ငယ်ငယ်ကအိမ်မက်အတိုင်းဖြစ်လာတော့အဖိုးအတိုင်းမသိဝမ်းသာပါတယ် မင်မင်လေးရယ်
*

*ကျေးဇူးတင်ပါတယ် အဖိုး....*

*ဒါနဲ့ဘာလို့အရင်နေ့တွေကဈေးလာမရောင်းတော့တာလဲ ဟင်...*

*အဖိုး နေမကောင်းလို့ပါ...*

ပန်းချီပြခန်းလေးထဲ လိုက်ပတ်ကြည့်နေတဲ့အဖိုးမင်ယောင်ကမုသားလှလှလေးဆိုလိုက်တော့ ဂျီမင်ကခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။

ငယ်ငယ်ကတည်းကအမြဲတမ်းစာရွက်တရွက်နဲ့ခဲတံတချောင်းကိုင်ပြီး တအိမ်လုံးလျှောက်သွားနေတက်တဲ့ မင်မင်လေးကိုမျက်လုံးထဲပြန်မြင်ယောင်တော့ မျက်ရည်ဝဲရပြန်သည်။မင်မင်လေးကြီးလာရင် ဘာလုပ်မလဲလို့မေးလိုက်တိုင်းပန်းချီဆရာ ဖြစ်ချင်တယ်ဆိုတဲ့ အဖြေဘဲအမြဲကြားရတယ်။

ဖခင်လိုမြို့စားမင်းမဖြစ်ချင်ဘူးတဲ့လေ။အခုတော့မင်မင်လေးစိတ်ကူးထားတဲ့အတိုင်းလက်တွေ့ဖြစ်လာပြီ။လက်ရာမြောက်လှတဲ့ ပန်းချီကားချပ်တွေက သက်ဝင်လှသည် ။ညီညာပြီး အရောင်သွေးစုံလှတဲ့ကားချပ်အများကြီးထဲမှာမှ အဖိုးရဲ့အမြင်ကိုအာရုံဖမ်းစားတာက တစ်ပုံဘဲရှိတယ်။ဒါကတော့ မသေမသပ်နဲ့‌ဟိုခြစ်ဒီခြစ်လျှောက်ပြိီးရေးဆွဲထားတဲ့ ရုပ်ပုံမပီပြင်တဲ့ခဲခြစ်ပန်းချီလေးဘဲ။

သစ်သားမှန်ဘောင်လေးထဲမှာထည့်သိမ်းထားတဲ့ထိုစာရွက်လေးရဲ့အပေါ်မှာတော့ မေမေ၊ဖေဖေ၊မင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့လူပုံသုံးပုံကိုကြည့်ပြီး ထိန်းထားတဲ့ကြားက မျက်ရည်တွေကအလျင်မြန်ဘဲကျဆင်းလာခဲ့တယ်။

*ဘာဖြစ်လို့လဲ အဖိုး...*

*မျက်လုံးထဲအမှုန်ဝင်သွားလို့ပါ ကလေးရယ်....*

မျက်ရည်ကြည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်တဲ့ အဖိုးကို ဂျီမင်မေးလိုက်တယ်။ မှိုင်ထွေနေတဲ့အဖိုးမျက်နှာကို ဂျီမင် တွေ့ကတည်းကသတိထားမိနေတာ။အဖိုးဈေးရောင်းတဲ့နေရာလေးကို နေ့တိုင်းသွားကြည့်ပေမယ့် မတွေ့တော့ချေ။ရက်သတ္တပတ်ကြာတော့မှာအဖိုးကသူ့ဆီကို ရောက်လာခဲ့တယ်။

ကတိ(Completed)Where stories live. Discover now