အပိုင်းတစ်ဆယ်

1.5K 129 19
                                    


ကံကြမ္မာကသိပ်ကိုဆန်းကျယ်လွန်းတာဘဲ။ဒါမှမဟုတ် ကံဇာတ်ဆရာကတမင်သက်သက်အကွက်ချပြီးစီစဉ်နေခဲ့တာလား။မိဘကိုလုပ်ကြံပြီးသားဖြစ်သူကိုလိပ်ပြာလုံလုံနဲ့ခေါ်ထားခဲ့တာ တော်ရုံသတ္တိတော့မဟုတ်ဘူး။

ဒီနေ့ရာသီဥတုကမကောင်း‌ေပ။ကောင်းကင်တခွင်ကမှိုင်းညှို့နေပြီး တိမ်ညိုတိမ်မဲတွေကရွေ့လျားနေတယ်။လွတ်လပ်စွာမြူးထူးပျော်ပါးနေတဲ့ တေးသီငှက်တွေလည်း မပျံသန်းကြတော့ဘဲသစ်ပင်ပေါ်မှာငြိမ်သက်စွာနဲ့နားခိုနေကြတယ်။

မကြာခင်မှာရွာတော့မယ်မိုးသားတွေက တရိပ်ရိပ်နဲ့မည်းမှောင်တက်လာတယ်။လေ‌ပြင်းတွေအရင်တိုက်ခတ်လာပြီးနောက် မိုးစက်မိုးပေါက်လေးတွေက တဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့တယ်။မိုးရွာချလိုက်သည်နှင့်တပြိုင်နဲ့ တင်းခံထားတဲ့မျက်နှာလေးက ချက်ချင်းဘဲမျက်ရည်ကြည်တွေကျဆင်းလာခဲ့တယ်။

ထိုသူဟာ ရေညှိုရောင်အုတ်တိုင်ရှေ့မှာထွင်းထုထားတဲ့အမည်နာမကိုတခါခါဖတ်ရင်း ယူကြုံးမရဖြစ်နေခဲ့တယ်။တခြားသူတော့မဟုတ်ပါဘူး။အဖိုး မင်ယောင်လေ...

ပတ်ခ်ချွဲမင်တို့ကိုမြုတ်နှံထားတဲ့မြေမို့မို့လေးကိုလက်ဖြင့်ဖွဖွလေးပုတ်နေပြီး ပါးစပ်ကလည်းတီးတိုးဆိုနေသေးတယ်။သားအရင်းလိုမျိုး ပတ်ခ်ချွဲမင်ကိုချစ်တာပါ။ကျေးရွာသားတွေအပေါ် နွေးထွေးကြင်နာပြီး ခေါင်းပုံဖြတ်အမြတ်ကြီးစားတာမျိုးမလုပ်တဲ့သူမို့ အားလုံးကချစ်ခင်ကြသည်။ဒါကို ဘယ်လိုစိတ်နဲ့များလုပ်ကြံခဲ့သလဲဆိုတာ သူ စဉ်းစားလို့မထိဘူး။

*အခုလောက်ဆို အေးချမ်းတဲ့နေရာအသစ်မှာပျော်ရွှင်နေလောက်ရောပေါ့..*

*နောင်ဘဝမှာတော့ အခုလိုမျိုးအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့လို့ ဆုတောင်းပေးတယ် နော်....*

*မင်မင် လေးကိုလည်းလွမ်းနေတယ်မလား။ကလေးလေးက လိမ္မာပါတယ်။သူစိမ်းတွေနဲ့တောင် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတယ်လေ..*

*ကလေးလေးက ငယ်ရုပ်မပျောက်တော့ မှတ်မိနေတာပါ..*

*အပစ်မရှိတဲ့မြို့စားမင်းတို့အတွက် အပစ်ရှိသူတွေဆီကနေ အကြွေးပြန်တောင်းပေးပါ့မယ်....*

ကတိ(Completed)Where stories live. Discover now