*မတွေ့တာကြာတော့ ဂျောင်ဂု လေးကပိုပြီးခန့်ညားလာလိုက်တာ...**အဟား....အဲလောက်လည်းမဟုတ်ရပါဘူး ဗျာ....*
ဧည့်ခန်းထဲတွင် စကားလက်စုံကြနေတဲ့ ဂျောင်ဂုတို့သားဖ နဲ့ မြို့တော်ဝန်က ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း အချိန်ကုန်စေတော့သည်။မြို့တော်ဝန်နဲ့ ဂျွန်ဆော့က မကင်းရာမကင်းကြောင်း ပတ်သတ်မှုလေးတွေရှိသည်။အပေးရှိရင် အယူလည်းရှိရမယ်လေ။တယောက်နဲ့တယောက် လျှို့ဝှက်ချက်တွေကို သိမ်းဆည်းရင်း အပြစ်မရှိကြသလို ပေါ့ပေါ့ပါးပါး နေထိုင်တက်ပုံက အံ့ဩစရာပါဘဲ။
ဒါကတော့ ဂျွန်ဆော့နဲ့ မြို့တော်ဝန်တို့ရဲ့ မည်သူမှမသိတဲ့ အမှောင်ဘက်ခြမ်းဘဲ။သို့ပေမယ့် ဂျွန်ဆော့၏ဇနီးကတော့ ချွင်းချက်ပေါ့။ကိစ္စအဝဝကို သူ(မ)သိသည်။ထို့ကြောင့်လည်း ယခုလို တင့်တင့်တယ်တယ် နေထိုင်စားနိုင်တာပေါ့။မြို့တော်ဝန်ရဲ့ အကူအညီတွေနဲ့ ရပ်တည်နေတာလေ။
ဒါပေမယ့် ဂျောင်ဂုကတော့ ဘာမှမသိပေ။ဖခင်ဖြစ်သူက ကုန်သွယ်ေရးလုပ်ပြီး ချမ်းသာလာတယ်ဆိုတာကလွဲလို့ပေါ့။စီးပွားရေး နိုင်ငံရေးတွေကိုစိတ်မဝင်စားဘဲ ဘဝကို လွတ်လပ်စွာဖြတ်သန်းချင်တဲ့စိတ်ကူးဘဲရှိတယ်။မင် လေးနဲ့အတူတူပေါ့။
မြို့တော်ဝန်၏ချီးကျူးစကားကို ဂျောင်ဂုက ရယ်သွမ်းရင်းဖြေလိုက်သည်။ထိုအခါ မြို့တော်ဝန်က သဘောတကျဘဲ တဟားဟားနဲ့အော်ရယ်တော့သည်။
*ပြောပါအုန်း သဘောကျနေတဲ့မိန်းမပျိုလေးကို တွေ့နေပြီလား.....*
*မတွေ့ပါဘူး မြို့တော်ဝန်...*
*ဟုတ်လို့လား..*
*ဟုတ်ပါတယ် ဗျာ့....*
ဂျောင်ဂု အချစ်ကိုစတင်ခံစားမိချိန်က မိန်းမပျိုလေးနဲ့မဟုတ်ဘဲ ယောကျာ်းလေးတယောက်ဆိုတာ ဖေဖေတို့ သိရင် သေချာပေါက်စိတ်ဆိုးကြမှာ။
*အင်း...ငါ့မှာလည်းသမီးမိန်းကလေး မရှိတော့ခက်သားကွယ့်။မဟုတ်ရင် ခမည်းခမက်တော်လို့ရတယ်..*
*ဟုတ်တာပေါ့ ဗျာ...*
မြို့တော်ဝန်၏ထပ်လောင်းပြောကြားလာတဲ့စကားကို ဖေဖေက လက်ဖက်ရည်ကိုတငုံသောက်လိုက်ရင်း ခေါင်းငြိမ့်ထောက်ခံလိုက်တယ်။ဒီလိုတွေ အပေးယူလုပ်နေတာကို သူ သဘောမကျတာ။