အပိုင်းတစ်ဆယ့်လေး

1.5K 131 46
                                    


ရင်ခွင်ထဲမှာမှေးစက်အနားယူနေတဲ့ ကလေးငယ်ကိုကြည့်ပြီး ဂျောင်ဂုပြုံးလိုက်သည်။မျက်ခွံအစ်အစ်လေးနဲ့မျက်တောင်တိုစိပ်စိပ်လေးကို နှုတ်ခမ်းပါးလေးနဲ့အသာလေးဖိကပ်နမ်းလိုက်ပြီးသွေးကြောစိမ်းတွေထင်းနေတဲ့ပါးပြင်လေးကိုလက်မလေးနဲ့ပွတ်ဆွဲလိုက်တယ်။ရဲပြီးအိစက်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်ရုံမျှနမ်းလိုက်တော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးငယ်ကပြုံးယောင်သန်းလာတယ်။

နိုးနေတာကို မ,ထသေးဘဲဇိမ်ခံနေတဲ့ကလေးငယ်ကို စ, ချင်တာနဲ့ ဗိုက်သားချပ်ချပ်လေးကိုပွတ်သတ်လိုက်တော့ ယားလို့ထင်၏။ရယ်သံလွင်လွင်လေးထွက်လာသည်။

ခဏအကြာမှာတော့မျက်လုံးမဖွင့်‌ေသးဘဲ သူ့လည်ပင်းကိုစုတ်ယူနမ်းရှိုက်လာတဲ့ကလေးငယ်ကနံနက်စောစောမှာဘာဖြစ်ချင်နေတာလည်း။သူ့သမာဓိကိုလာစမ်းနေတယ်။

လျှာဖျားလေးနဲ့လည်စိကို မထိတထိလုပ်နေတော့ မယိုးမယွဖြစ်လာတဲ့အသွေးသားကြောင့် ကလေးငယ်ကို သူ့‌ဗိုက်ပေါ်ကိုပွေ့တင်လိုက်တယ်။ပြီးနောက် မျက်နှာပြင်တခုလုံးကို စိတ်ကြိုက်မွှေးကြူလိုက်တော့တယ်။

ရွှတ်..!

*ဟာ..ကိုကို....*

*အိပ်ပုတ်လေး မထသေးဘူးလား။နေမြင့်နေပြီလေ....*

*ဟင့်အင်း.....*

စောင်ပုံကြားထဲလွန့်လူးနေတဲ့ဂျီမင်ကမျက်လုံးမှိတ်လျက်နဲ့ဘဲဂျောင်ဂု ကိုယ်ပေါ်ကနေ ကုတင်ရဲ့တဖက်ခြမ်းကိုလိမ့်သွားတယ်။တစ်စွန်းတစ်စ ထွက်နေတဲ့ခြေဖဝါးရဲရဲလေးကို ဂျောင်ဂုမြင်သွားတော့ လက်ချောင်းလေနဲ့ကုတ်ခြစ်လိုက်တယ်။
နီတာရဲလေးကိုသိပ်အသည်းယားတာဘဲ။

အိပ်ချင်မပြေသေးတဲ့ဂျီမင်ကခြေချောင်းထိပ်လေးကိုဆွဲ‌ေနတဲ့ကိုကို့လက်ကြောင့် ကိုယ်လေးတချက်တွန့်သွားပြီး စောင်အောက်ကိုအမြန်သွင်းလိုက်ရတယ်။ယားတက်မှန်းသိလို့တမင်လုပ်‌ေနတဲ့ ကိုကိုကသူ့ကိုကြည့်ပြီး သဘောတကျနဲ့ရယ်နေတော့တယ်။

ကျေးငှက်သံတဆာဆာနဲ့အတူကိုကို့ရဲ့ရယ်သံချိုချိုလေးကြောင့်နံနက်ခင်းကပိုပြီးလှပနေတော့တယ်။

ကတိ(Completed)Where stories live. Discover now