အပိုင်းနှစ်

2.3K 181 16
                                    


ရောင်နီတွေထွန်းလင်းလာတဲ့ နံနက်ခင်းလေး။နေဝန်းနီနီက အရှေ့အရပ်ကနေ ထွက်ခါစပြုလာတာကြောင့် ကောင်းကင်ယံတခွင်က လိမ္မော်ရောင်လေးသန်းနေခဲ့သည်။ဒါပေမယ့် နံနက်ခင်း နေရောင်ခြည်လေးက နွေးထွေးသည်။

အိပ်ခန်းဧ။်ပြတင်း‌ေပါက်ဘောင်ပေါ်မှာ လာရောက်ခိုနားနေတဲ့ ကျေးငှက်များသည်လည်းတီတီတာတာနဲ့ စကားတွေဆိုနေကြပြန်သည်။
ဂျောင်ဂု တယောက်နှစ်ခြိုက်စွာ အိပ်မောကျနေရင်းကနေ ထိုအသံလေးတွေကြောင့် မျက်ဝန်းတွေကို အတင်းအားယူပြီးဖွင့်လိုက်သည်။

ထို့နောက် မနေ့ညကတညလုံးရင်ခွင်ထဲထည့်ပြီးအိပ်ခဲ့တဲ့ အနွေးဓာတ်လေးကအစား အခုတော့ စောင်ထူထူတထည်သာ သူ့ရင်ခွင်ထဲမှာနေရာယူနေသည်။ကလေးလေးက ဘယ်အချိန်က အိပ်ယာထသွားခဲ့တာလဲ။အလိုမကျမှုလေးနဲ့အတူ ဂျောင်ဂု နှုတ်ခမ်းဆူမိသည်။

အိပ်ယာကနိုးတာနဲ့အရင်ဆုံး ကလေးရဲ့ မျက်နှာလေးကို မြင်ချင်လို့ သူနဲ့အတူတူအိပ်ပေးဖို့ကို တညလုံး ပါးစပ်ညောင်းမတက် တောင်းဆိုထားရတာ။လက်ဆောင်တွေ ရပြီးသွားတော့ အနောက်အိမ်ကိုပြန်ပြေးဖို့ လုပ်နေတဲ့ ဂျီမင်က အလည်လေး။‌ေနာက်ပြီး အရင်လိုလည်း သူနဲ့ပူးပူးကပ်ကပ်နေတာမျိုးတွေ မလုပ်တော့ဘူး။

ဒါကိုဘဲ ဂျောင်ဂု ကအသည်းယားတော့ စိတ်‌ဆိုးချင်ယောင်ဆောင်ပြီး ဂျီမင်ကိုအနိုင်ကျင့်လိုက်တာ။သူစိတ်ဆိုးမှာကိုမလိုလားတဲ့ ဂျီမင်ကလည်း ချက်ချင်းတော့လက်မခံပေမယ့်လည်း နောက်ဆုံးဂျောင်ဂုကဘဲ အနိုင်ရသွားခဲ့တယ်။
အခုလည်း သူ့ထက်အရင်နိုးပြီး အနောက်အိမ်ကိုပြန်သွားပြီထင်တယ်။

*ကလေးကတော့ ကွာ...*

ဂျီမင် အကြောင်းတွေးလိုက်တော့ သူ့နှုတ်ခမ်းကအလိုလိုကိုပြုံးမိသည်။ထို့နောက် ခန္ဓာကိုယ်ပေါ်က စောင်ကိုခွာချလိုက်ပြီး ရေချိုးခန်းထဲကိုဝင်လိုက်‌ေတာ့သည်။

*ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား သား..*

*ဟုတ်ကဲ့...*

*ဒီမှာ သားကြိုက်တဲ့ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီချိုချိုလေး..*

ကတိ(Completed)Where stories live. Discover now