တိတ်ဆိတ်စွာနဲ့ထိုင်နေကြတဲ့ အိမ်ကလေးထဲမှာမည်သည်အသံမှမကြားရပေ။ဖန်ခွက်အကြည်နဲ့အပြည့်ဖြည့်ထားပေးတဲ့ရေအေးအေးတခွက်ကို ဂျီမင် ကကိုကိုနဲ့မေမေကြီး၏အရှေ့ကိုအသာယာလေးချပေးလိုက်သည်။ကိုကိုကတော့သူလုပ်သမျှကိုမျက်တောင်မခတ်စမ်းလိုက်ကြည့်နေပြီး အကြည့်ချင်းဆုံရင်လည်း မှိုင်းညိုနေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးဖြင့်အသနားခံနေပြန်သည်။
သူလည်းကိုကို့ကိုလွမ်းနေတာလေ။ဒါပေမယ့် အပြေးသွားပြီးထွေးပွေ့ထားဖို့အထိ သူမဝံ့ရဲပေ။ဘာကိုတွန့်ဆုတ်နေတာလဲလို့မေးရင်လည်း အဖြေတိကျမရှိဘူး။သေချာတာကတော့ သူကိုကို့ကိုချစ်နေသေးတယ်ဆိုတာဘဲ။
*မေမေကြီးတို့ကိုမလွမ်းဘူးလား ဂျီမင်လေး....*
*မင် လွမ်းပါတယ် မေမေကြီး..*
*ဒါနဲ့များ ဘာလို့အဆက်သွယ်မလုပ်တာလဲ သားငယ်လေးရယ်..*
ပထဆုံးအကြိမ်မေမေကြီးဆီက သားငယ်လေးလို့ခေါ်တာကြားဖူးတာဘဲ။သူဝမ်းသာလွန်းလို့မျက်ရည်ဝဲမိသည်။နွေးထွေးတဲ့လေသံနဲ ဂရုဏာသက်တဲ့အကြည့်တို့ကသူ့အေပါ်မေတ္တာဓာတ်တွေရှိနေသေးတယ်ဆိုတာ ခံစားမိသည် ။
ဂျီမင် မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပေါင်ပေါ်တင်ထားတဲ့လက်သီးလေးကိုတင်းနေအောင်ဆုတ်ထားလိုက်သည် ။မေမေကြီးက ပြုံးပြရင်းလက်နှစ်ဖက်ကိုဆန့်တန်းပေးလာတဲ့အခါ ဂျီမင် ဟန်မဆောင်နိုင်တော့ဘဲ ရင်ခွင်ထဲကိုပြေးဝင်သွားတော့သည်။ပြီးနောက် သိုလှောင်ထားတဲ့မျက်ရည်တွေကို ထိန်းထားမနေတော့ဘဲသွန်ချလိုက်တော့ မေမေကြီးကသူ့ကျောပြင်ကိုပွတ်သတ်ပေးလာသည်
ကိုကို ကလည်းသူ့ဆံပင်ကိုအသာလေးဆွဲဖွလာသည်။
*အများကြီးပင်ပန်းနေတယ်မလား ဟင်..*
*ဟုတ်..*
*မေမေကြီးတို့ရှိတယ်လေ ဂျီမင်လေးရယ် ၊သားငယ် နဲ့တစ်သက်လုံးအတူတူနေသွားမှာမို့ ထပ်ပြီးထွက်မပြေးပါနဲ့တော့လား .*
*ဒါပေမယ့်..*
*ပြီးခဲ့တာတွေကိုအစပြန်မဖော်တော့ဘဲလက်ရှိအချိန်လေးမှာပျော်ပျော်နေသွားရအောင်လေ...*