*ဒါလေးကိုဈေးဖြတ်ပေးလို့ရမလား..**ဟုတ်ကဲ့(...)ဝမ်ပါ...*
*ဂျီမင် ဆွဲသမျှပန်းချီအားလုံးကနာမည်ကြီးေနေတာ့ ဂရေ့စ် ကိုလက်မှတ်လေးပါထိုးပေးလို့ရမလား...*
*အဲလောက်လည်းမဟုတ်ပါဘူး ဂရေ့စ် ကလည်း......*
*တကယ်ပြောတာပါဆို..*
ဂရေ့စ်ကနှုတ်ခမ်းလေးဆူကာ မျက်စောင်းတချက်ဝံ့ပြလာတယ်။သူနဲ့ကိုကိုစကားများတဲ့နေ့က ဂရေ့စ် လည်းအိမ်မပြန်သေးဘဲသူတို့ကိုစောင့်နေတယ်လေ။ပြီးတော့ သူ့ဆီကခွင့်မတောင်းဘဲနှင်းဆီခင်းထဲသွားလို့ဆိုပြီး တောင်းပန်စကားဆိုလာတယ်။
အဲလိုကျတော့လည်းဂျီမင် စိတ်မကောင်းဖြစ်မိတယ်။သူ့ကိုတကိုယ်ဆန်တယ်လို့ မြင်သွားမှာလည်းကြောက်တယ်။ဒါပေမယ့် နောက်ရက်တွေမှာလည်း ဂရေ့စ်က သူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့ဘဲ စကားပြောပါတယ်။စိတ်ထဲဘာမှသိမ်းထားပုံမရဘူး ။သူကသာအတွေးလွန်နေခဲ့တာ
ကိုကိုကလည်းနောက်ဆိုအခုလိုမျိုးမလုပ်ဖို့ကိုလေသံအေးအေးနဲ့ချော့မြူပြီးပြောပြတယ်။ကလေးဆန်တယ်တဲ့လေ။သူ့အသက်ကမငယ်တော့တာမို့ တခုခုဆိုဦးနှောက်နဲ့စဉ်းစားဆုံးဖြတ်ဆိုပြီးပညာသားပါပါနဲ့မှာသွားသေးတာ။ကိုကိုပြောတာလည်းမမှားပါဘူး။သူကိုက အစွဲလမ်းကြီးလွန်းနေတာ။
ဘာအရာမဆိုသူသဘောကျပြိီဆိုတာနဲ့ဘဲသူပိုင်တယ်လို့ပုံသေတွက်ထားတာလေ။လူ့အသိုင်းဝိုင်းထဲမှာရင့်ကျက်အောက်ကျင်လည်ဖို့ အတွေ့ကြုံမရှိသေးပါလား။ဒါကလည်း အိမ်ထဲမှာဘဲ ပိတ်မိနေတဲ့အကျိုးတွေပေါ့။မျက်စိပိတ်နားပိတ်ပြီးတစ်ယောက်ထဲကမ္ဘာတည်နေချိန်မှာ သူနဲ့ရွယ်တူတွေ၊သူ့ထက်ငယ်သူတွေက ကမ္ဘာပတ်နေကြပြီ။
သူကတော့ အိမ်ကလူကြီးတေယာက်ေယာက်မပါရင်ဘယ်မှမသွားတက်တာအခုထိဘဲလေ။ဆိုင်ဖွင့်ပြီးမှ နည်းနည်းလေးအတင့်ရဲလာတယ်လို့ပြောရမလား
*စိတ်မဆိုးရင် ဂျီမင်ကိုတခုလောက်မေးလို့ရမလား..*
*အင်း..မေးလေ..*
ဂရေ့စ်ကသူထိုးပေးလိုက်တဲ့လက်မှတ်လေးကိုကြည့်ပြီးကလေးလိုမျိုးခုန်ပေါက်နေတော့ ဆိုင်ထဲကလူတချို့ကကွက်ကြည့်ကုန်ကြတယ်။လက်မှတ်တခုလေးကို အဲလောက်တောင်သဘောကျရသလားလို့ သူတီးတိုးဆိုမိတယ်။