*ကိုကို.!*
*ကလေးငယ် ဘယ်လိုဖြစ်တာလဲ..!*
*ကိုကို.!ဖေဖေကြီးကိုကယ်ပါအုန်း..!*
အရာရှိကြီးပစ်လိုက်တဲ့ ကျည်နှစ်တောင့်က ဂျီမင်ကိုမထိဘဲ ဂျွန်ဆော့ရင်ဘက်ကနေကျောအနောက်ကိုထိုးဖောက်သွားသည်။မြင်စိလျင်တဲ့ ဂျွန်ဆော့ကအရာရှိကြီးခါးကနေတခုခုနှိုက်နေတာကိုမြင်တော့ ချက်ချင်းဘဲ ဂျီမင်ကိုနောက်ကျောဘက်ကိုဆွဲသွင်းလိုက်သည်။
လျင်မြန်လွန်းတဲ့အရာရှိကြီးရဲ့လက်တွေက ဘယ်သူ့ကိုထိသွားလဲဆိုတာတောင်မသိတော့ဘူး။ကျယ်လောင်လွန်းတဲ့အသံကြောင့် ဂျီမင်လည်းနားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ပြီးထိုင်ချလိုက်သည်။ခဏအကြာမှာတော့ သူ့ကိုယ်ပေါ်ကိုစီးကျလာတဲ့ နီပြစ်ပြစ်အရည်တွေ
သူ့ခေါင်းကနေတဆင့် ရင်ဘက်ဆီကိုကူးလူးလာတော့ ဘယ်ကလဲဆိုပြီးမော့ကြည့်လိုက်ချိန် အပြုံးမပြတ်တဲ့ဖေဖေကြီးကသူ့ကိုခေါင်းငြိမ့်ပြလာသည်။ထိုမှသာ သူလည်းအသိဝင်ပြီး ပျော့ခွေကျလာတဲ့ ဖေဖေကြီးခန္ဓာက်ုယ်ကိုထိန်းလိုက်ရင်း ငိုကြွေးတော့သည်။
ဘာလို့သူ့အစားဝန်ခံပေးရတာလဲ !ဆိုတဲ့မေးခွန်းတွေသာအထပ်ထပ်မေးနေမိသည်။
*ဖေ.ဖေကြီး...*
အဟွတ်.!
အား..!
ဂျီမင်လက်ပေါ်မှာအသက်ကိုဖြည်းဖြည်းချင်းရှုနေရတဲ့ဂျွန်ဆော့ကစကားပြောဖို့အားယူလိုက်ချိန် ပါးစပ်ထဲကနေ သွေးတပွက် အန်ထွက်သွားသည်။ဂျီမင်ကတော့ တခုခုဖြစ်မှာကြောက်နေတာကြောင့် ထိတ်လန့်စွာနဲ့အော်လိုက်သည်။
ရင်ဘက်ကနေစိမ့်ထွက်လာတဲ့သွေးတွေကိုဂျွန်ဆော့ကလက်ဖြင့်ဖိရင်းကျန်လက်တဖက်နဲ့သားငယ်မျက်နှာကိုကိုင်လိုက်သည်။သူ တာဝန်ကျေပါတယ်နော်။ဒီေလာက်ဆို သားငယ်ကသူ့ကိုခွင့်လွှတ်ပေးလောက်မယ်မဟုတ်လား။အမုန်းတရားတွေပပျောက်ပြီးရှေ့ဆက်ပျော်ပျော်နေခဲ့ပါ သားငယ်....
*ကိုကို.!လုပ်ပါအုန်း.!*
*ဖေဖေကြီးကိုဆေးရုံခေါ်သွားရအောင် .!*