*ဖေဖေနဲ့စကားနည်နည်းပြောချင်လို့ အချိန်ရမလား....**အင်း..ရတယ်လေ သားကဘာပြောချင်လို့လည်း.....*
*ကလေးငယ်ရဲ့မိဘတွေအသတ်ခံရတဲ့အကြောင်းပါ..*
ခွမ်း.!
ဂျောင်ဂုရဲ့တည်ငြိမ်တဲ့လေသံနဲ့တင်းမာတဲ့မျက်နှာထားကြောင့် ဂျွန်ဆော့လက်ထဲကကော်ဖီခွက်လေးကို ယောင်ယမ်းပြီကြမ်းပြင်ပေါ်ကိုလွှတ်ချမိသွားသည်။
*ဘယ်လောက်ထိ သားသိထားလဲ..*
*ဖေဖေပါ,ပါနေတယ်ဆိုတဲ့အထိ.*
*အဲတာအမှန်မဟုတ်ဘူး သား..*
*ဒါဆိုဘာကအမှန်လဲဆိုတာ သားကိုပြောပြလို့ရမလား....*
*အခုမှဘာလို့အစပြန်ဖော်ချင်ရတာလဲ.နောက်ပြီးအဲကိစ္စကို သားဘယ်တုန်းကစိတ်ဝင်စားသွားတာလဲ ...*
*ကလေးငယ်လည်းသိနေတယ် ဖေဖေ..ကလေးကိုနာကျဉ်းချက်များအောင်မလုပ်ပါနဲ့လား....*
ဂျွန်ဆော့သက်ပြင်းချလိုက်သည်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုတင်မျှော်လင့်ထားပြီးသားမို့ ထွေထူးပြီးထိတ်လန့်နေစရာတော့မလိုပေ။သို့ပေမယ့် သားကအခုလိုတိုက်ရိုက်မေးလာလိမ့်မယ်လို့တော့ မထင်ထားဘူးပေါ့။သားက သူလုပ်သမျှကိုစိတ်ဝင်စားမှုမရှိဘူးလေ။ဒါကြောင့်လည်း ပေါ့ပေါ့တန်တန်ဘဲတွေးထားလိုက်တာ။
နောက်ပြီးသားငယ်ကရော ဘယ်ကတည်းကစုံစမ်းနေပြီး ဘာတွေသိထားတာလဲ။သားငယ်ကအနေအေးတဲ့သူမို့ ဒီလောက်ထိလုပ်လိမ့်မယ်ဆိုတာ မယုံနိုင်ဖြစ်နေတယ်
*ဒီကိစ္စမှာဖေဖေမပါဘူးဆိုတာကိုတော့ တပ်အပ်ပြောရဲတယ် ...*
*ဘယ်ဟာကအမှန်လဲဆိုတာ ဖေဖေကိုယ်တိုင်ကြည့်ပါ...*
ဂျောင်ဂုကအသင့်ယူဆောင်လာတဲ့ စာရွက်ကိုဖေဖေ့အရှေ့ကိုချပေးလိုက်သည်။အမှုနဲ့ပတ်သတ်တဲ့သံသယ ရှိတဲ့လူထဲမှာဖေဖေပါနေတယ်ဆိုတာ
သူကိုယ်တိုင်ကလည်းမယုံသလို ဖေဖေဖေကလည်းသူပေးတဲ့စာရွက်ကိုကြည့်ပြီး တအံ့တဩဖြစ်နေတယ်။*မဟုတ်ဘူး သား..ဒါကအမှန်မဟုတ်ဘူး...*
*ဒါဆို ဖေဖေမပါဘူးပေါ့...*