အပိုင်းတစ်ဆယ့်နှစ်

1.3K 128 44
                                    

ဂျောင်ဂုအခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ဂျီမင်က လက်သီးသေးသေးလေးကိုဆုတ်ကာ သက်ပြင်းခိုးချလိုက်သည်။အခန်းထဲမှာကိုကိုရှိတာသိတယ်။ဒါပေမယ့် သူတံခါးခေါက်ဖို့ကိုတွန့်ဆုတ်နေမိတယ်။

တံခါးအနားကိုတိုးကပ်သွားလိုက်၊ပြန်ခွာလိုက်လုပ်နေတဲ့ဂျီမင်ကို ဂျွန်ဆော့မြင်သွားတော့ပြုံးလိုက်သည်။အခန်းရှေ့မှာတဝဲလည်လည်လုပ်နေတာ ကြာနေပြီ။နှစ်ယောက်သားစကားများထားလို့ မဝင်ရဲတာဖြစ်ပါလိမ့်မယ်လို့ ဂျွန်ဆော့တွေးထင်လိုက်သည်။

*ကလေးနှစ်ယောက်လည်းမတွေ့ပါလား....*

*သားငယ်ကသူ့ကိုကိုအခန်းရှေ့မှာဘာလုပ်နေလဲမသိဘူး။ မဝင်ဘဲ ရပ်နေတယ်လေ...*

*ရန်ဖြစ်ထားလို့နေမှာပေါ့..*

နေ့စဉ်ထုတ်သတင်းစာတစောင်ကိုဂျွန်ဆော့ကဖတ်ရင်း မ်န်းမဖြစ်သူရဲ့အမေးကိုဖြေလိုက်သည်။သားငယ်လေးကို အရိပ်တကြည့်ကြည့်ဖြစ်လာတဲ့သူ့ မိန်းမကြောင့် ဂျွန်ဆော့လည်းကြည်နူးရတယ်။ဒီလိုဆို ပတ်ခ်ချွဲမင်လည်းကျေနပ်လောက်ရောပေါ့။သားအရင်းနဲ့မခြား ချစ်ပေးလို့လေ။

*ဘာလုပ်နေတာလဲ..ကလေးငယ်..*

*အမေ့..!*

ဝင်ရမလား၊မဝင်ရဘူးလားဆိုတာ ဝေခွဲနေတုန်းမှာဘဲ ကိုကိုကအခန်းထဲကနေရုတ်တရက်ထွက်လာတော့ ဂျီမင် ကိုယ်လေးတုန်တက်သွားတယ်။ရင်ဘက်ကိုလက်နဲ့ဖိကာ အာမေဍိတ်သံလေးထွက်သွားတော့ ကိုကိုကရယ်တယ်။ဒါ သူ့ကိုလှောင်တာလား။လန့်အောင်လည်းလုပ်သေးတယ်။

နှုတ်ခမ်းဆူကာ စိတ်ထဲကနေတီးတိုးရေရွက်လိုက်ပြီး ပြုံးစိစိနဲ့မျက်ခုံးတဖက်ပင့်ပြလာတဲ့ကိုကို့ကိုမျက်စောင်းတချက်ဝံ့ပြရင်း အခန်းထဲကိုဝင်လာလိုက်တယ်။ကိုကိုကတော့‌ရယ်ရုံအပြင်သူ့ကိုဘာမှမပြောပေ။

အခန်းထဲကိုရောက်တာနဲ့သူသဘောကျရတဲ့ကိုကို့ရဲ့အိပ်ယာပေါ်ကိုဗုန်းခနဲမြည်အောင်ပစ်လှဲချလိုက်တယ်။ကိုကို့ရဲ့ကိုယ်သင်းရနံ့တွေလွှမ်းခြုံထားတဲ့ခေါင်းအုံးကို မသိအသာမွှေးကြူရင်းဂျီမင် ခိုးပြုံးလိုက်တယ်။ဆွဲဆောင်မှုရှိတဲ့ရနံ့လေး

ကတိ(Completed)Where stories live. Discover now