ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ဘဲနေရာအသစ်ဆီဦးတည်လာခဲ့သည်။အသိမိတ်ဆွေမရှိ၊ကြိုဆိုမယ့်သူမရှိတဲ့ အရပ်ဒေသမှာနေတက်အောင်နေရမယ်ဆိုပြီးနှလုံးသွင်းကာလေပူတချက်မှုတ်ထုတ်လိုက်သည်။
၃ရက်တာမျှသင်္ဘောစီးပြီးတော့ အမည်မသိတဲ့မြို့ငယ်လေးတခုမှကမ်းကပ်သည်။ခရီးသည်တချို့ဆင်းကြပြီး ကျန်သူတွေကသူတို့သွားလိုတဲ့ခရီးကိုဆက်သွားကြသည်။သူတယောက်ဘဲ ယောင်လည်လည်ဖြစ်နေတာ။
နောက်ဆုံးသူလည်းဆက်မလိုက်တော့ဘဲထိုမြို့ငယ်လေးမှာနေခဲ့ဖို့ဆုံးဖြတ်လိုက်သည်။ဆိပ်ကမ်းကနေထွက်လာတာနဲ့ သူ့ဦးခေါင်းတည့်တည့်ကိုကျရောက်လာတဲ့ နေမင်းကြီးကိုတချက်မော့ကြည့်လိုက်သည်။
တိမ်ကင်းစင်နေပြီးကောင်ကင်ကြီးကကြည်လင်နေသည်။ရာသီဥတုသာယာတယ်လို့ဆိုရမယ်။ကုန်သည်တချို့နဲ့ရောင်းသူဝယ်သူပြည့်နှက်နေတဲ့ ထိုမြို့လေးထဲကိုခြေချလိုက်ပြီး အပြစ်ကင်းတဲ့မျက်လုံးလေးနဲ့ အားလုံးကိုဝေ့ဝဲကြည့်နေသည်
အော်ဟစ် ဆဲဆိုနေကြတဲ့လူတချို့ကိုတွေ့တော့ လူရမ်းကားတွေအနည်းငယ်ပေါလောက်မယ်လို့ သူေတွးမိသည် ။လူမမယ်ကလေးတွေသည်လည်း အင်္ကျီမပါ ၊ဖိနပ်မပါဘဲ ကုန်ထမ်း၊ကုန်ချလုပ်နေကြသည်။သူနေခဲ့တဲ့မြို့ထက်ပင်ပိုပြီးနုံချာသေးသည်။
*ဒီကလူလေးဘာလိုချင်လို့လဲ..*
*ဟို..ဟို..*
ဆိုင်တန်းအရှေ့မှာအချိန်ကြာကြီးရပ်နေမိတော့ အမယ်အိုတယောက်ကသူ့ကိုခေါင်းစခြေအဆုံးကြည့်ကာမေးလာသည် ။ဆံပင်ဖြူတွေတခေါင်းလုံ့းပေါက်နေတဲ့ အမယ်အိုက ခါးအနည်းငယ်ကုန်းနေသောကြောင့် တုတ်တချောင်းကိုအားပြုပြီးလျှောက်နေရသည်
ဂျီမင်ဘာပြန်ဖြေရမလဲမသ်ိတော့ပေ။အိတ်တလုံးဆွဲကာ တယောက်ထဲယောင်လည်လည်ဖြစ်နေသည်။
*မင့်ကိုတည်းလို့ရမယ့်ေနရာလေးပြောပြလို့ရမလား အဖွား...*
*လူလေးကခရီးသွားလား..*
*ဟုတ်ပါတယ် အဖွား..*
*ဒီဈေးတန်းဆုံးရင် ညာဘက်ကိုကွေ့လိုက် အဲမှာတည်းခိုဆောင်တွေရှိတယ်။သိပ်တော့ မကြီးပေမယ့် လူလေးတယောက်စာတော့ကောင်းကောင်းနေလို့ရတယ်...*