အပိုင်းတစ်

2.8K 232 23
                                    

လူအများဆူဆူညံညံနဲ့ စည်ကားနေတဲ့ မြို့စားမင်းဂျွန်ဆော့၏အိမ်။
ဟုတ်ပါတယ် မြို့စားမင်းအသစ်အုပ်ချုပ်နေတာပါ။လူဦးရေများပြားမနေဘဲ အိမ်ခြေကလည်းနည်းတယ်ဆိုပေမယ့် မ်ြု့မျက်နှာဖုံးလည်းဖြစ် ရွာသူရွာသားတွေလည်း စီးပွားရေး ကျန်းမာရေး အဘက်ဘက်က ပြည့်စုံဖို့အတွက် မြို့စားမင်း လိုအပ်ပါတယ်။
ပတ်ခ်ချွဲမင် ဆုံးပြီးတပတ်အကြာမှာ မြို့တော်ဝန်ကိုယ်တိုင် အသစ်ခန့်အပ်ပေးခဲ့တာပေါ့။ဒါကိုလည်း ရွာသူရွာသားတွေက သဘောတူကြပါတယ်။

အိမ်ထဲနဲ့တခြံလုံးကိုအလုပ်သမားများစွာနဲ့သန့်ရှင်းရေးလုပ်နေကြသည်။ဒီနေ့က နေ့ထူးတယ်လေ။မြို့စားမင်းရဲ့ တစ်ဦးတည်းသော သားလေးက မြို့ကနေပြန်လာမှာ။ပညာရေးမှာထူးချွန်တဲ့ သားဖြစ်သူကို ဒီမြို့မှာမထားဘဲ အဆင့်တန်းမြင့်မားပြီး လူကုန်ထံအသိုင်းဝ်ုင်းတွေကြီးသီးသန့်ထားတဲ့ မြို့ကျောင်းမှာထားသည်။

*ပန်းအိုးကို သေသေချာချာလေး မ,ရွှေ့နော်။ကျမကွဲစေနဲ့..*

*ဟုတ်ကဲ့..*

မြို့စားမင်းကတော်က ရွှေရောင်အနားကွပ်ထားတဲ့ ပိတ်ယပ်တောင်တခုကိုကိုင်ကာ အလုပ်သမားတွေကို ညွှန်ကြားနေသည်။ခန္ဓာကိုယ်ကပိန်သွယ်သွယ် မဟုတ်ဘဲ ပြည့်တင်းပြီးအရပ်ကလည်းရှည်သည်။အသားရည်ကလည်း ဖြူပြီးကြည်လင်သည်။‌ေပြာရရင် မြို့စားမင်းကတော်က အတော်လေးကိုကြည့်ကောင်းတာထက်ကိုပိုသည်။လှပပြီး ကျက်သရေရှိတယ်လို့ဆိုရမလား။အမြဲတမ်း နှုတ်ခမ်းနီရဲရဲလေးကို ဆိုးတက်သည်။ဒါပေမယ့် အပြုံးရယ်က အတော်လေးရှားသည်။တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းတစ်စုံရယ် မော်ချီနေတဲ့ မျက်နှာထားကြောင့် အောက်ခြေလူတန်းစားတွေကတော့ စေ့စေ့တောင်မကြည့်ရဲကြဘူး။အရမ်းလည်း ဂုဏ်မောက်သေးတယ်။ပညာမတက်တာဒါမှမဟုတ် ငွေကြေးမပြည့်စုံတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံခြင်းမပြုဘူး။

*ဟို ကောင်လေးရော..ဘယ်ရောက်သွားပြီလဲ..*

သူ(မ)မေးတဲ့ ကောင်လေးဆိုတာ အကိုလေးကိုပြောတာပါ။
အနေအေးပြီးတော့ ဘယ်သူနဲ့မှရောနှောခြ့င်းမရှိတဲ့ အကိုလေးကိုအားလုံးကချစ်ကြသည်။စိတ်ထားလည်းအလွန်ကောင်းတာကို။တခါတလေဆို လွတ်လွတ်လပ်လပ်လည်းပြုံးရယ် တက်သေးသည်။ဒါပေမယ့်လည်း ရံဖန်ရံခါမှပါ။

ကတိ(Completed)Where stories live. Discover now