တဖြူးဖြူးတိုက်ခတ်နေတဲ့လေပွေတွေကြောင့် သူ့ရဲ့ပိတုန်းရောင်ဆံနွယ်တွေဟာ နဖူးပြင်ပေါ်ကို ယောက်ယက်ခတ်စွာဖွာကျလာတော့တယ်။
သပ်တင်လည်း မထူးတော့တာမို့ထိုအတိုင်းသာထားလိုက်တယ်။အချိန်တခုကြာသည်အထိ ရပ်မြဲတိုင်းရပ်နေကြတဲ့လူနှစ်ယောက်က ဘာအကြောင်းမှရေရေရာရာမရှိပါဘူး။စကားခဏပြောကြရအောင်လို့ အဲလက် ကခေါ်လာတော့ ဂျီမင်လည်းအငြင်းစကားမဆိုဘဲ လိုက်ပါလာခဲ့သည်။
သူတို့ရောက်နေတာက နေကြာခင်းရဲ့အလယ်မှာပါ။ကျယ်ပြန့်တဲ့လွင်ပြင်ကြီးထဲမှာ မျက်စိတဆုံးစိုက်ထားတဲ့နေကြာတွေကိုကြည့်ပြီး ဂျီမင် နှစ်ခြိုက်စွာပြုံးလိုက်သည်။ပန်းတွေကို ချစ်မြတ်နိုးသူမို့ ဘယ်နေရာရောက်ရောက် သဘောကျတဲ့အပြုမှုလေးလုပ်နေတက်သည်။
*သဘောကျလိုက်တာ...*
*ဟင်..!*
*နေကြာတွေကိုလေ..*
အဲလက်ကသူ့ဘက်ကိုမျက်နှာမူကာ အပြုံးလေးနဲ့ပြောလာတော့ သူလည်းအလိုက်သင့်လေးခေါင်းငြိမ့်ပြလိုက်တယ်။
*အဲလက် ပြောစရာရှိတယ်ဆိုတာ ဘာများလဲ..*
*ကိုယ် ဂျီမင်ကိုလက်ဆောင်ပေးချင်လို့ပါ...*
*လက်ဆောင်..*
*အင်း..ကိုယ် တခါပြောဖူးတာ မေ့သွားပြီလား..*
*မမေ့ပါဘူး ရုတ်တရက်ကြီးဘာလို့လဲ..*
*ထိန်းချုပ်မထားနိုင်တော့လို့လေ..*
*ဟင်.!ဘာကို..*
ခံစားချက်ကသေချာနေတယ်ဆိုမှ ဒီစကားကိုပြောဖို့ သူဆုံးဖြတ်လိုက်တာပါ။အချိန်ထပ်မဆွဲချင်တော့ဘူးလေ။
ဂျီမင်ဘက်ကဘယ်လိုအဖြေမျိုးကိုမဆို သူလက်ခံမှာပါ။အဓိက,ကသူချစ်နေတာကိုဂျီမင်သိရင်ရပြီ။ကျန်တာကတော့ ကံစေရာအတိုင်းပေါ့။တကယ်လို့ ဂျီမင် ကလည်းသူ့အချစ်ကိုလက်ခံပေးမယ်ဆိုရင်တော့ အတိုင်းထက်လွန်ဝမ်းသာမိမှာ။
*ဂျီမင် ကိုယ့်ကိုကြည့်.....*
မျက်နှာချင်းဆိုင်အနေထားဖြစ်သွားတဲ့ အဲလက်နဲ့ဂျီမင်က မျက်ဝန်းချင်းဆုံကာ စကားဆိုနေကြသည်။