အပိုင်းတစ်ဆယ့်ကိုး

1.3K 122 32
                                    


အရာရှိကြီး၏လျှို့ဝှက်အခန်းထဲကိုဝင်ပြီးရှာဖွေစစ်ဆေးတော့ တရားမဝင်ဝယ်ယူထားတဲ့ ပိုးထည်တွေနဲ့၊လက်နက်အချို့ကို သိမ်းဆည်းရမိသည်။နောက်ပြီး ရေနံခိုးထုတ်ကာ တဖက်တိုင်းပြည်ကိုဆိပ်ကမ်းက‌ေနတင်ပို့၍
ဈေးပေါပေါနဲ့ရောင်းချခဲ့တယ်ဆိုတဲ့ သက်သေခံစာရွက်ကိုလည်းတွေ့ရှိခဲ့သည်။

သူမထင်ထားဘူး။ဒီလောက်ထိလုပ်လိမ့်မယ်လို့ ။အရာရှိကြီးကသူ့ကိုတဖက်လှည့်နဲ့ပညာသားပါပါဆုံးမသွားတာဘဲ။အပေါ်ယံကိုကြည့်ပြီးဆုံးဖြတ်ချက်ချတာမှားသွားတယ်။သိုးရေခြုံထားတဲ့ဝံပုလွေဆိုတာ အရာရှိကြီးကိုပြောတာနေမယ်

ပြည်သူတွေဆီကနေအမြတ်ကြီးစား ဂုတ်သွေးစုတ်ထားတာကြောင့် ရရှိခဲ့တဲ့ပစ္စည်းတွေကို မြို့တော်ဝန်ဖြစ်တဲ့ဂျောင်ဂုဆီကိုအပ်နှံလိုက်သည်။ဒါကိုပြည်သူပိုင်အဖြစ်သတ်မှတ်လိုက်တာပါ။ကျန်တာတော့ မြို့တော်ဝန်ရဲ့စီမံခန့်ခွဲအတိုင်းသူတို့လိုက်နာမှာပါ

ဆင်းရဲ့ချို့တဲ့,ပြီးစားဝတ်နေရေးအဆင်မပြေတဲ့ ပြည်သူတချို့ဆီကို ဂျောင်ဂုကိုယ်တိုင်သွားတာ ကူညီထောက်‌ပံ့ပေးခဲ့သည်။အရင်ကထက်ပိုပြီးလည်း ဂျောင်ဂုကို ချစ်ခင်လေးစားကြသည်။ဂျီမင်ကိုလည်းသနားလို့ဆိုပြီး ဝမ်းနည်းခြင်းအထိန်းမှတ်အ‌ေနနဲ့ ပတ်ခ်ချွဲမင်တို့အတွက်ရည်စူးကာ အလှူတမ်းတွေလုပ်ပေးကြသည်။

ပြည်သူတွေအပေါ်မှာတာဝန်ကျေတဲ့မြို့တော်ဝန်တယောက်ဖြစ်ချင်တယ်။ဒါကြောင့်လည်းသူတက်နိုင်သမျှအားသွန်ခွန်စိုက်ပြီးလုပ်ဆောင်ပေးတယ်။အရင်ကလည်းသူတို့တိုင်းပြည်ကရေနံနဲ့တခြားတွင်းထွက်ပစ္စည်းတွေပေါများတယ်လေ။

သို့ပေမယ့် အထက်အရာရှိတွေကပြည်သူတွေကိုသူတို့လက်ခုပ်ထဲကရေလိုမျိုးမှောက်ချည်၊သွန်ချည်၊စိတ်ကြိုက်လုပ်နေတော့ စီးပွားရေးကထင်သလောက်မထွန်းကားလာဘူးဖြစ်နေတာပေါ့။အခုတော့ အရာရှိကြီးကိုနမူနာယူပြီး အကြီးကဲတချို့တော့မာန်မထောင်ရဲတော့ပေ။ဂျောင်ဂုကိုလည်းအသက်ငယ်တယ်ဆိုပြီးအထင်မသေးရဲတော့ဘဲ လေးလေးစားစားနဲ့ဆက်ဆံလာကြတယ်။

ကတိ(Completed)Where stories live. Discover now