ဝိုင်(၁)

164K 4.6K 95
                                    

Unicode

"ဘယ်လိုလဲ မမမြိုင် ပိုက်ဆံလောက်သေးရဲ့လား"

ကစားဝိုင်းထဲက ယုလှိုင် ရဲ့ ခနဲ့သံကမာနထိခိုက်လာတာကြောင့်သူမ စိတ်ထဲဖျင်းကနဲ။ ဒီရက်ပိုင်း သူမ ကံဇာတာကျနေသည်လားမသိ။ ဖဲဆော့တိုင်း သူမရဲ့ ငွေတွေ အလုံးအရင်းလိုက် ပါသွားတက်သည်။

လောင်းကစားဝါသနာပါသည်ကိုဘဲ အပြစ်ဆိုရမလား ။ အရင်က အဲ့လောက်အရှုံးမရှိပေမဲ့ အခုတော့ တစ်ရက်တစ်ရက်ကို ထောင်ချီရှုံးနေခြင်းပင် အခု လောင်းကြေးထပ်စရာ ပိုက်ဆံကမရှိတော့၍ ပြန်ဖို့သာဆုံးဖြတ်လိုက်သည်။ ဘာလို့အဲ့လောက်ရှုံးနေရတာလဲ။

" မမမြိုင် ယုလှိုင်ဆီက ပိုက်ဆံချေးမလား"

"တော်ပါပြီ ဒီနေ့တော့ ဒီလောက်ဘဲ တို့ အိမ်ပြန်တော့မယ်"

"ဟင် ပြန်တော့မလို့လား ပွဲကောင်းနေပြီလေ မမမြိုင်ရယ် ဘာလို့လဲ မမမြိုင် အားနာလို့ပိုက်ဆံ မချေးချင်ရင် ပစ္စည်းနဲ့လောင်းကြေးထပ်လို့ ရပါတယ် အဟင်း"

လည်ပင်းထက်က ဆင်မြန်းထားတဲ့ ရွှေဆွဲကြိုးကို ဖြုတ်ယူရင်း..

"အင်း Okလေ ရော့ ဒီမှာ "

"အဲ့ဒါဆို မမမြိုင် ဆက်ဆော့ပြီနော် အဟင်း"

မြိုင် ချွေးစေးတွေပြန်လာပြီ ။ အချိန်သာကုန်သွားသော်လည်းအချီကြီးရှုံးနေပြီ အို....ရှုံးလည်း ဘာဖြစ်သလဲ "မြနန်း" စံအိမ်က ဟောသည်က သခင်မကြီး ရှင်စောမြိုင် မှာတစ်သက်စားမကုန်တဲ့ စည်းစိမ်တွေရှိတာပဲ။"ဘာတွေးကြောက်နေစရာလိုသလဲ" ငွေဆိုတာဘယ်ချိန်ရှာရှာ ရတယ်။

အလောင်းကစားမှာရူးနှမ်းခဲ့တဲ့ ရှင်စောမြိုင်မှာတစ်နေ့ထဲနဲ့ လက်ဝတ်လက်စားများအကုန်ပါသွားသည်ကို အရေးမလုပ်ခဲ့ချေ။သူမရဲ့စိတ်ထဲမှာ တစ်သက်စားမကုန်တဲ့စည်းစိမ်တွေရှိတယ်လို့တွေးထားသည်ပင်...

..............
"ကျစ်"

မြိုင်စိတ်ရှုတ်စွာ ကျစ် တစ်ချက်စုတ်သတ်လိုက်မိလိုက်တယ်။ သူမ ဆော့ဖို့လည်း စိတ်မပါတော့သလို လောင်းကြေးထပ်ဖို့ကလည်း ပစ္စည်းပင်မရှိတော့။ အင်း...နောက်နေ့တော့နိုင်အောင်ဆော့မှပါလေ။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now