ဝိုင်(၃)

42.7K 2.7K 35
                                    

Unicode

ဒီပါဦးမောင်သည် ယခု တစ်ခါမှမမြင်ဖူးသော သိမ့်ဝသုန်ခိုင်ဆိုသည့် မိန်းကလေးတစ်ယောက်နဲ့သွားတွေ့ဖို့ အကြောင်းဖန်လာခဲ့သည်။ အကြောင်းအရင်းကစေ့စပ်ရမယ်တဲ့လေ။ ဖေဖေက Switကနေမြန်မာနိုင်ငံကသူ့ဆီလာပြီး စေ့စပ်ပွဲကိစ္စကိုပြောလာတော့သည်။ ပြောချင်ရာတွေပြောပြီး Switကိုပြန်သွားလေရဲ့။

"ကျွန်တော့်အသက်ငယ်သေးတယ်"လို့ပြောတော့ အခုချိန်စေ့စပ်ပြီး ၂ယောက်သားရင်းနှီးအောင်လုပ်ထားမှ မင်္ဂလာဆောင်ရင်အဆင်ပြေမည်တဲ့။ ဒီကိစ္စတွေစိတ်မဝင်စားပေမဲ့ ဖခင်ကိုစိတ်မဆင်းရဲစေချင်တာကြောင့် သွားတွေ့ဖို့ဆုံဖြတ်လိုက်သည်။ သိပ်တော့အနှောင့်အယှက်မဖြစ်။ပြီးမှအကြောင်းပြချက်တစ်ခုခုဖြင့် ငြင်းလိုက်မည်။ဘာမဟုတ့်တဲ့ကိစ္စလေးကြောင့် ကိုယ့်အစီစဥ်တွေ ပျက်စီးသွားမှာမလိုလားပေ။ချိန်းထားသောဆိုင်၌ ရောက်လာပြီး သူကားပေါ်မှဆင်းလိုက်ကာ ဆိုင်ထဲဝင်ခဲ့လိုက်တော့ လူရှင်း၍ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရင်း ဆံပင်ခါးလောက် နဲ့ sexyဆန်ဆန် fitဖြစ်တဲ့ဂါဝန်အနီကိုဝတ်ထားကာ အပေါ်မှကုတ်အနက်ရောက်လွှမ်းခြုံထားသည်ကို ကြည့်ရုံနဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းကမှန်းသိသာသည်။ သူ ထိုမိန်းကလေးဆီသွားကာ

"ဒီက မသိမ့်ဝသုန်ခိုင်လား မသိဘူး"

"အာ..ဟုတ်တယ်ရှင့် ရှင်က ကိုဒီပါဦးမောင်လား"

"ဟုတ်ပါတယ် ကိုယ်ပါ တွေ့ရတာဝမ်းသာပါတယ်"

"သိမ့်လည်း တွေ့ရတာဝမ်းသာပါတယ် ထိုင်ပါ သိမ့် ကိုဒီပါ့ကိုစောင့်နေတာ"

"Sorryနော် ကိုယ်နည်းနည်းအလုပ်များနေလို့ နောက်ကျသွားတယ်"

သိမ့် ရှေ့မှာရှိနေတဲ့ ယောင်္ကျားသားဟာ ဂုဏ်အဆင့်အတန်းရော ရုပ်ပိုင်းဆိုင်ရာရောမြင့်မားမှန်း သိသာလွန်းသည်။ မြင်မြင်ချင်းမှာဘဲ အပိုင်လိုချင်မိလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။နိုင်ငံခြားမှာအနေများတဲ့  သိမ့် ကလက်ရဲဇာတ်ရဲနိုင်ပြီး ဆိုရှယ်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည့်တိုင် ရဲတင်းလွန်းစွာ ဒီပါဦးမောင် လက်ကိုအုပ်ကိုင်လိုက်ရင်း ခပ်ရဲရဲ စကားလေးနဲ့ဖောင်ဖွဲ့လိုက်သည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now