ဝိုင်(၁၃)

38.8K 2K 30
                                    

Unicode

"သား ပန်းခိုက်ဦး"

"ဗျာ"

"မင်းနှုတ်ခမ်းကဘာဖြစ်တာလဲ အနာလား"

ဒုက္ခပဲ။ဘယ်လိုဖြေရမလဲ။ မင်းကြောင့်... လုပ်လိုက်ရင်တအား။ သူ့ဘက်လှည့်ကြည့်တော့ ဘာမှမသိသလိုမျက်နှာထားနဲ့။ဘယ်လောက်ဖြတ်ရိုက်ချင်စရာကောင်းလိုက်လဲ။ရုပ်ကိုက လုပ်ချင်ရာလုပ်ပြီး။

အမြင်ကတ်ကတ်နဲ့ မျက်စောင်းသာထိုးပေးလိုက်ပြီးယောက္ခထီးဖက်လှည့်ကာ မချိပြုံးလေးဖြင့် စကားဆိုလိုက်သည်။

"ဟို မနေ့ကရေချိုးရင်း ချော်လဲတာ အဲ့တာ နှုတ်ခမ်းပေါက်သွားတာ ဖေဖေ "

ယောက္ခထီးကတော့ပုံမှန်သာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။ကိုယ့်အကြောင်းကိုသိတော့လူကရှက်လာ၍ ချောင်းဟန့်ကာ ခေါင်းငုံ့နေလိုက်သည်။အငွေ့ပျံသွားရင်ကောင်းမယ်။

"အေးအေး ဆေးလေးဘာလေးလိမ်းဦး အနာတောင်ဖြစ်သွားတာကိုး"

"ဟုတ်ကဲ့ဗျ"

သူ ချဥ်ပြုံးပြုံးလေးဖြင့် စကားဆိုလိုက်တော့သူ့ဘေးက မောင်မှာနှာခေါင်းရှုံ့သည်။အမြင်ကတ်နေလို့လားမသိ ရုပ်ကိုကအီးမှန်ထားတဲ့ရုပ်နဲ့ ။မင်းအဖေရှိသရွေ့မင်းကိုမကြောက်ဘူး။ငါ့မှာအားကိုးရှိလာပြီ ဟား ဟား

"သား ဒီပါ"

"ဗျာ ဖေဖေ"

"မင်းအမျိုးသားကိုသေချာဂရုစိုက် မင်းချစ်လို့မင်းရွေးချယ်ထားတာ သူများသားသမီးကိုသေချာစောင့်ရှောက်ရမယ် သား"

"ဟုတ်ကဲ့ပါ ဖေဖေ"

ယောက္ခထီးရဲ့"မင်းအမျိုးသား"ဆိုတဲ့စကားကြောင့် သူ့မှာ ရှက်စိတ်သာပိုခဲ့သည်။

"ကဲ ဖေဖေလည်းနားချင်ပြီ ဖေဖေနေဖို့အခန်းလိုက်ပြဦး"

"ဟုတ်ကဲ့ ဖေဖေကျွန်တော်လိုက်ပြမယ်"

"နေနေ သားပန်းခိုက်ဦးဘဲလိုက်ပြ "

"အာ ဟုတ်ကဲ့ ဖေဖေ"

ယောက္ခထီးနေဖို့ အခန်းကိုမောင်နဲ့သူနေတဲ့မျက်နှာချင်းဆိုင် အခန်းလွတ်ကိုသာ နေစေလိုက်သည်။ယောက္ခထီးကို နှုတ်ဆက်စကားပြောနေသော်လည်း ယောက္ခထီးကသူ့ကိုပြောစရာစကားရှိပုံပေါက်တာကြောင့် စကားလမ်းစပေးလိုက်သည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now