ဝိုင်(၁၉)

25.5K 1.2K 24
                                    

Unicode

အရာရာဟာမှောင်မိုက်နေသည်က စိတ်ခြောက်ခြားစရာအတိ။မျက်စိဖွင့်ထားတာတောင် မြင်ရတဲ့အရာဆိုတာ တစိုးတစိတ်မှရှိမနေ။မျက်ကန်းတစ်ယောက်လိုပင်။ဟင့်အင်း ဒီအမှောင်ထုထဲကနေရအောင်ထွက်ရမယ်။ သူ့မှာသူချစ်ရတဲ့ ကိုကိုနဲ့သမီးလေးကို စောင့်ရှောက်ရဦးမယ်။ထွက်ပေါက်လေးများရှိလေမလား ဆိုပြီး ပြေးရှာပေမဲ့ မောတာသာအဖတ်တင်သည်။ ရုတ်တရက်ဆန်စွာဝင်ရောက်လာတဲ့ ရှင်မတောင်သနပ်ခါးအနံ့။ငယ်စဥ်ကရင်းနှီးခဲ့တဲ့အနံ့လေး။


အလင်းတန်းလေးတစ်ခုက သူ့ရှေ့ဖြာကျလာလျက်  နှင့်အမျှသနပ်ခါးနံ့ဟာလည်း တစ်ဖြည်းဖြည်းသိသိသာသာရလာသည်။နီးကပ်လာသည် နှင့်အမျှ ကိုယ့်စိတ်မှာလည်း စိတ်လှုပ်ရှားခြင်းများစွာဖြင့်။ဒီအနံ့ကသူချစ်ခဲ့ရတဲ့တစ်ဦးတည်းသော အမျိုးသမီးဆီက။ခပ်ဖွဖွေခြသံလေးကို ရိပ်ရိပ်လေးကြားမိပါသည်။ခဏအကြာအလင်းရောင်အောက် ကျရောက်လာတဲ့ခြေထောက်ဖွေးဖွေးလေး။

ခြေဖျားလေးတွေမှတဆင့်အထက်ကို အကြည့်ရွေ့လိုက်မိတော့အံ့သြခြင်းများစွာနဲ့အတူ ကြောင်အနေမိတော့သည်။မြန်မာဆန်ဆန် ပါတိတ်အထည်လေးကိုဝတ်ဆင်ထားသည်။တနည်းအားဖြင့်ပြောရရင် ဒါသူမအကြိုက်ဆုံးမြန်မာဝတ်စုံလေး။သူမ ချစ်ရတဲ့အမျိုးသားလေးပေးခဲ့တဲ့ချစ်သက်လက်ဆောင်လေးဆိုတာ သူသိပ်သိပါသည်။

တင်ပါးထိရှည်လွန်းတဲ့ ဆံပင်ရှည်လေးများကိုဖြန့်ကျက်ထားသည်က သိပ်ကိုကျက်သရေရှိလွန်း၏။ပါးမို့မို့ထက်က ပါးကွပ်လေးတွေကနေထွက်လာတဲ့ရှင်မတောင်သနပ်ခါးအနံ။သူလွမ်းနေခဲ့တာသိပ်ကိုလွမ်းနေခဲ့တာ

"မေ..မေ"

ဟုတ်ပါသည်။သူသိပ်ချစ်ရတဲ့မေမေ။
မေမေကသူ့ကို ဂရုဏာသက်သော အကြည့်များဖြင့်ကြည့်နေစဥ်မှာပဲ သူ့မှာ သိက္ခာမဆည်နိုင်စွာပြေးဖက်မိတော့သည်။သိပ်သတိရနေခဲ့တဲ့ ရင်ငွေ့လေး။ငယ်ငယ်ကမေမေပေးခဲ့တဲ့နွေးထွေးမှုလေးကခုချိန်ထိ မပြောင်းလဲနွေးထွေးနေဆဲ။မေမေဟာ သူငယ်စဥ်ကအတိုင်း နုပျိုနေဆဲ။ဆယ်ကျော်သက်အရွယ်တုန်းက သူသည်မေမေနဲ့အရပ်တူခဲ့သော်လည်း အခုမူ မေမေက သူရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြုတ်နေတဲ့ လူကောင်သေးသေးလေးအလား။သို့သော်သူမရဲ့ရင်ခွင်သေးသေးလေးဟာမိခင်ရင်ငွေ့ကိုအပြည့်အဝပေးစွမ်းနိုင်ပါသေးသည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now