ဝိုင်(၁၀)

40.7K 2.2K 52
                                    

Unicode

သာယာတဲ့နံနက်ခင်းလေး နဲ့ နေ့တစ်နေ့မှာ အစပြုရင်း ပန်းခိုက်ဦး  တစ်ယောက်နိုးထလာခဲ့သည်။

"အင်းးးး"

လူကနိုးနေပေမဲ့ မျက်လုံးကချက်ချင်းမပွင့်နိုင်။ ထဖို့အရှိန်ယူရဦးမှာမို့ သူခဏ မှိန်းနေလိုက်တယ်။ ၅မိနစ်လောက်အကြာမှိန်းပြီးနောက် ထဖို့ပြင်လိုက်တော့ ခါးပေါ်က ခံစားလိုက်ရတဲ့တင်းကျပ်မှု။

"ဟင်"

မပွင့်တဲ့ မျက်လုံးတွေတောင် ပြူးကျယ်သွားရ၏။မောင်ကသူ့ကိုဖက်ပြီးအိပ်နေတယ် ဘုရား ဘုရား  အားးးး ပျော်တာကွာ။ဒီမနက်ကတော့ တော်တော်ကျက်သရေရှိသွားပါပြီ။ရင်ခွင်ကြီးကနွေးလိုက်တာ။အသားနည်းနည်းယူမယ်နော် ဟိ။

......

ဒီပါဦးမောင် သူ့ရင်ခွင်ထဲကလှုပ်စိလှုပ်စိ အရာကြောင့် နှိုးလာခဲ့သည်။ ရင်ခွင်ထဲကလူက နိုးနေသည်ကိုမထဘဲ ငြိမ်တောင်နေသည်။ သူသေချာပြန်စဥ်းစားကြည့်ရင် မိဘလုပ်ခဲ့တဲ့အမှားက သားသမီးဖြစ်သူနဲ့မဆိုင်ဘူးလို့ တွေးမိကာ တစ်ထစ်လျှော့ဖို့ဆုံးဖြတ်လိုက်သည်။ပန်းခိုက်ဦး ဆိုတဲ့လူက သူ့အပေါ်ဆိုသိပ်ကောင်းတယ်။ငယ်စဥ်ကတည်းကချို့တဲ့ တဲ့သူ့လို ကလေးတစ်ယောက်အတွက် သခင်လေးဆိုတဲ့ ဂုဏ်အဆင့်အတန်းကိုတောင် ဖယ်ပြီး အစစအရာရာဂရုစိုက်ပေးခဲ့သည်။ ပစ္စည်းဥစ္စာတင်မက သူကိုယ်တိုင်ငတ်မွတ်နေတဲ့ ဖခင်မေတ္တာကိုလည်း ပေးနိုင်သည်။သူငယ်ချင်းလို အကိုလို ဖခင်လို ဂရုစိုက်ပြုစုပေးတဲ့ သူကို ကိုယ်ကတောင်ပြန်နှိပ်စက်မိလို့ ကိုယ့်ကိုကိုယ် ဒေါသထွက်မိသေး၏။

ကိုယ်ရဲ့အားနည်းချက်ကလည်း ဒေါသထွက်ရင်ကိုဘာမှမမြင်နိုင်မမူ့နိုင်။ ဒါပေမဲ့ ထိုလူရဲ့မိဘတွေကိုတော့ သေလောက်အောင်မုန်းပါသည်။အိမ်ကြီးရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့မာနထောင်လွှားနေတဲ့ မိဘတွေနဲ့မတူ သခင်လေးဆိုသည့်သူကတော့ လူတန်းစားမခွဲခြားခဲ့။

သူ ၁၀ တန်းစာမေးပွဲဖြေပြီးတဲ့နေ့  ပန်းခိုက်ဦးဆိုတဲ့လူက သူ့ကိုချစ်ကြောင်းဝန်ခံခဲ့တယ်။ညီအကိုလိုသူငယ််ချင်းလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်အနေနဲ့တဲ့လေ။အဲ့တုန်းကတော်တော်အံ့သြခဲ့ပါသည်။ကိုယ့်ခံစားချက်ကိုတောင် ရေရေရာရာမသိခဲ့။ သခင်လေးလို့မခေါ်ဘဲ ကိုကို လို့ ပြောင်းခေါ်ခဲ့တဲ့နေ့မှာ သူ ပထမဆုံးရင်ခုန်မိခဲ့တာ။ ဒါပေမဲ့ ငယ်ရွယ်တဲ့သူ့အတွက် ထိုအရာကို အချစ်လို့မသတ်မှတ်ခဲ့။ဖြစ်တည်မှုတွေက လွဲမှားနေလို့ဘဲလား မသိချေ။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now