ဝိုင်(၁၄)

37.4K 1.7K 28
                                    

Unicode

နိုဝင်ဘာဆောင်းတွင်းရဲ့မနက်ခင်းလေးဟာငှက်လေးများရဲ့ တေးသံသာနဲ့သာယာလျက်ရှိကြ၏။

မနက်စောစောထတတ်တဲ့အကျင့်ကြောင့် မျက်လုံးတို့ကပွင့်ဟလာခဲ့သည်။အရင်ဆုံးရှာမိတာကဟိုလူ။ ဒါပေမဲ့ တွေ့လိုက်ရသည်က နေရာအလွတ်လေးတစ်ခုသာ။အရင်နေ့တွေဆို သူမနက်နိုးတိုင်း ရင်ခွင်ထဲဟိုလူကအမြဲရှိနေတက်တော့ အခုလိုကျ တစ်ခုခုလစ်ဟာနေသလို။ဘာတွေရောက်နေတာလဲ။

ကမန်းကတန်းထရင်း အောက်ထက်ပြေးဆင်းရှာရတယ်။ အိမ်ကနေထွက်သွားတာလား။အရင်ကကွာရှင်းဖို့ပြောနေတာ။အဲ့လိုမျိုးတော့မရဘူးနော်။
အောက်ထပ်ဆင်းလာချိန် မီးဖိုချောင်က ဆူညံသံများကြားလိုက်ရတာကြောင့် သူ့ခြေလှမ်းတို့ကိုမီးဖိုချောင်သို့ ဦးတည်လိုက်သည်။

ထို့နောက်ကြားလိုက်ရသည်က သူငှားရမ်းထားသောစားဖိုမှူးဦးလေးကြီး၏တားမြစ်နေသည့်အသံ နဲ့ အတူထွက်ပေါ်လာသည့် အသံဆာဆာလေး။လန့်သွားတာပဲ..ရှာလိုက်ရတာ...သူကဒီမှာဘာလာလုပ်နေတာလဲ။

"သူဌေးလေးရယ် မလုပ်ပါနဲ့ ကျွန်တော်ဘဲလုပ်လိုက်ပါ့မယ်"

"ရတယ်ရတယ် ကျွန်တော့်ကိုချက်နည်းသာပြောပေးပါ"

"သူဌေး သိရင်ပြောလိမ့်မယ် နောက်ပြီး မနက်စာမမှီဘဲနေလိမ့်မယ်"

"မှီပါတယ်ဗျာ မှီအောင်လို့ကျွန်တော်စောစောထားထားရတာ ဦးလေးတားနေတာနဲ့ နောက်ကျတော့မှာ"

"သူဌေးလေးနဲ့တော့ခက်ပါတယ်"

"ကျွန်တော်ကိုယ်တိုင်ချက်ကျွေးချင်လို့ပါဆိုဗျာ"

သူဝင်မပါလို့မရတော့။ဘယ်နှယ့် အချက်မခံစေချင်လို့chefခေါ်ထားပါတယ်ဆို သူကိုယ်တိုင် chefကိုဆရာတင်နေရတယ်လို့ အေးအေးဆေးဆေးနေမယ်မရှိဘူး။ဟုတ်ကိုမဟုတ်သေးဘူး ဒီလူ ။

"ဘာတွေဖြစ်နေကြတာလဲ"

"ဟင် ဪ မောင် ငါ မနက်စာကိုယ်တိုင်ပြင်ပေးချင်လို့"

"ခင်ဗျားဗျာ အေးအေးဆေးဆေးနေစမ်းပါ"

"ငါကိုယ်တိုင်ချက်ကျွေးချင်တာကို"

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now