ဝိုင်(၁၁)

37.6K 2.1K 28
                                    

Unicode

ပျင်းရိစွာ ဆိုဖာပေါ်လှဲရင်း ဖုန်းသုံးနေတဲ့ ကျွန်တော်။ဘာအလုပ်မှမရှိတာတော်တော်ကိုပျင်းဖို့ကောင်းတယ်။လုပ်လို့တော့ရပေမဲ့ တဖြည်းဖြည်းစဥ်းစားမိတာက ဒီလို top 5 စာရင်းဝင်CEOရဲ့ ယောင်္ကျားဖြစ်နေပြီဆိုတော့ လုပ်မနေတော့ဘူး။ ယောင်္ကျားလုပ်စာထိုင်စားတော့မယ်။ မောင့် ပိုင်ဆိုင်မှုတစ်ဝက်က ကျွန်တော့်တို့ဆီက ဖြတ်ခုတ်သွားတာလေ။ အဲ့တော့ မကျေနပ်လို့ ကျွန်တော့်ဘဝကြီးကို မောင့်ဆီပုံအပ်ပြီး ယောင်္ကျားလုပ်စာထိုင်စား ဖို့ဘဲစိတ်ကူးရှိတော့တယ်။

သူပျင်းမှာစိုးလို့လားမသိ မောင်က ကားဂိုဒေါင်က သူသိပ်မသုံးဖြစ်တဲ့ ကားတစ်စီးကို ဒီမနက်ကဘဲ သူ့ကိုပေးထားသည်။ အပြင်လည်း ထွက်ရမှာပျင်းတာနဲ့ အိမ်မှာဘဲနေဖြစ်သည်။

အယ်....ရှင်းသန့်အတွက်မွေးနေ့လက်ဆောင်ပေးရဦးမှာပဲ။မွေးနေ့မသွားဖြစ်တာအားနာစရာ။ဘာလက်ဆောင်ပေးရပါ့။နာရီ ဆိုရင်ရော အင်း အဆင်ပြေပါတယ်။ ဖုန်းကောက်ကိုင်လိုက်ရင်းရှင်းသန့်ကို တစ်နေရာရာချိန်းလိုက်သည်။

......

"ကျွန်တော် ဝမ်းနည်းသွားတာဗျ ကိုကိုကမလာတော့"

"အကို တောင်းပန်ပါတယ် ရှင်းသန့်ရာ အကို တကယ်မအားလို့ပါ"

သူ့ရှေ့မှမျက်နှာငယ် ဖြင့်ပြောနေသောကောင်လေးကြောင့်အားနာမိကာ တောင်းပန်စကားဆိုမိသည်။

"ဟွန်း ကိုကို မလာချင်လို့ မလာတာမလား ကျွန်တော် သိပါတယ်"

"အာ မဟုတ်တာ ကောင်လေးရာ အကိုတကယ်မအားလို့ပါ "

"..."

"ရှင်းသန့်အတွက်မွေးနေ့လက်ဆောင် အကိုဝယ်လာတယ်"

"......."

သူ့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးဖြင့် မော့ကြည့်လာတော့ သတိရသွားမိတာက ကျွန်တော့်ရဲ့ တစ်ယောက်သောလူဆိုးကောင်။မောင်ငယ်ငယ်ကလည်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သိပ်ချစ်စရာ​ကောင်းခဲ့တာမလား။
ဘူးသေးသေးလေးကိုယူကာ ရှင်းသန့်ဆီ လှမ်းပေးလိုက်တော့ ကောင်လေးကစိတ်ဝင်စားလာဟန်ပြုသည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now