ဝိုင်(၂၀)

27K 1.4K 18
                                    

Unicode

"ကိုကို သိပ်ချစ်တဲ့ ကိုကို့ဖေဖေနဲ့မေမေပဲ"

"ဘာ!"

ကြားကြားချင်းဘဲ ရှိသမျှသွေးတွေဆောင့်တတ်
လာသလို။ဘာတွေလဲ တကယ်ဘဲမောင်ပြော
တာအမှန်တွေဖြစ်နိုင်ပါ့မလား ဟင့်အင်း ဖေဖေ
တို့ကအဲ့လောက်တော့ မလုပ်ပါဘူး။ဟုတ်တယ် မလုပ်လောက်ဘူး။တုန်ရီနေသောလက်တို့ကို အကြိမ်ကြိမ်ပွတ်တိုက်ရင်း အကြောက်တရားတို့က စိုးမိုးလာတော့သည်။အမှန်တရားသာဖြစ်ခဲ့ရင်...
ဟင့်အင်း မဟုတ်ဘူးမလား ငါ့ကိုစနေတာ

"မောင် မဖြစ်နိုင်ပါဘူး နော် မဖြစ်နိုင်တာ မောင် ငါ့ ငါ့ကိုမစပါနဲ့"

"မောင် ပြောခဲ့တယ်လေ ကိုကို ခံနိုင်ရည်ရှိပါ့မလားလို့"

"တ တကယ်ပဲလားဟင် ငါ့ကိုရှင်းပြပါဦးကွာ ငါတကယ်  မယုံနိုင်လို့ပါ မယုံနိုင်လို့.."

"အင်း ကိုကို မောင် ၁၀တန်းစာမေးပွဲဖြေပြီးတဲ့နေ့ကို မှတ်မိလား"

အင်း သူသိပ်မှတ်မိတာပေါ့ အဲ့နေ့က သူ အပျော်ဆုံးနေ့ဖြစ်ခဲ့တာပဲ။ မေ့စရာလား

"မှတ်မိတယ်"

"အင်း အဲ့နေ့က..."

.......
ဘဝတစ်ခုရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်ချပေးမဲ့ ၁၀တန်းစာမေးပွဲကြီးကို ပြီးဆုံးအောင်ဖြေနိုင်ခဲ့ပါသည်။အခုမှရင်ထဲကအလုံးကြီးကျသွားသလို။သွားလာတဲ့ လမ်းတစ်လျှောက်လုံး ညည်းညူသံတွေ ရယ်မောသံတွေကြားနေရပါသည်။အဖြေတိုက်ရင်းမှားတဲ့သူတွေကညည်းညူကြရင်း လွပ်လပ်သွားပြီဖြစ်တဲ့အချိန်ရောက်၍ပျော်တဲ့သူများကလည်း ရှိသေးသည်။ကိုယ့်ကိုလျှောက်လည်ဖို့ခေါ်မဲ့သူငယ်ချင်းမရှိသလို စကားပြောဖူးတဲ့သူငယ်ချင်းဆိုတာလည်း မရှိခဲ့ပေ။ ကိုယ်ကိုယ်တိုင်ကလည်း ဖာသိဖာသာနေတတ်တော့ အပေါင်းအသင်းမရှိ။ စာဖြေဆောင်ထဲက ကိုယ့်ဘာသာအေးဆေး ထွက်လာခဲ့လိုက်တယ်။ ကိုယ့်အတန်းထဲကသူတွေကလည်း သူ့ရုပ်ကြည့်ကာရှိန်နေကြတော့ စကားလာမပြောရဲကြ။ကိုယ့်အတွက်က သူငယ်ချင်းရှိရှိမရှိရှိအဆင်ပြေပါသည်။အဓိကက စာမေးပွဲကိုဖြေနိုင်ဖို့သာ။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now